Media
ကွန်ဖရန့်စ်လိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းက အလွန်ကောင်းမွန်သော အသင်းအဖွဲ့စိတ်ဓာတ်ကို ပြသနိုင်ခြင်းဖြစ်ဟု ချဲလ်ဆီးနည်းပြ မာရက်စကာ ဆို
ယူအီးအက်ဖ်အေ ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်ဘက်တစ်အသင်းအား အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စကာက ၎င်း၏ကစားသမားများအနေဖြင့် အလွန်ကောင်းမွန်သော အသင်းအဖွဲ့စိတ်ဓာတ်ကို ပြသနိုင်ခဲ့သည်ဟု ချီးကျူးပြောဆိုခဲ့သည်။
အဆိုပါပြိုင်ပွဲ၌ အောင်ပွဲခံနိုင်ခဲ့ခြင်းက အသင်း၏ တိုးတက်မှုအတွက် ကြီးမားသော လှေကားထစ်တစ်ခုပင်ဖြစ်ကြောင်း အဆိုပါ အီတလီသားနည်းပြက အလေးအနက်ပြောဆိုခဲ့သည်။ “ဒါက ကျွန်တော်တို့အတွက် စမှတ်တစ်ခုဖြစ်နိုင်ပါတယ်။ အောင်ပွဲရယူလိုတဲ့စိတ်ဓာတ်ကို မွေးမြူဖို့ ပွဲစဉ်တွေနဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရဖို့လိုပါတယ်။ ဒီညမှာ ကျွန်တော်တို့ ဆွတ်ခူးနိုင်ခဲ့တဲ့ ဆုဖလားက အနာဂတ်မှာ ကျွန်တော်တို့ကို ပိုပြီးတိုးတက်ကောင်းမွန်စေပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ပိုလန်နိုင်ငံ Wroclaw မြို့တွင် မေ ၂၈ ရက်၌ ယှဉ်ပြိုင်ကစားခဲ့သည့် ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းမှာ ယူအီးအက်ဖ်အေ၏ အဓိကပြိုင်ပွဲ လေးခုဖြစ်သည့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်ဖရန့်စ်လိဂ်နှင့် Cup Winners’ Cup (ယခုအခါတွင် ကျင်းပခြင်းမရှိတော့) တို့အပြင် ဖီဖာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ချဲလ်ဆီးအသင်းမှာ မေ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အရေးပါသော ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်၌ နော့တင်ဟမ်ဖောရက်စ်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အဆင့်-၄ နေရာမှ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သလို မေ ၂၈ ရက် ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲတွင်လည်း အနိုင်ရရှိခဲ့သဖြင့် ဒုတိယမြောက်အောင်ပွဲ ဖြစ်လာခဲ့သည်။ (Xinhua)
……………………..
(English Version)
Chelsea coach Maresca: Winning Conference League can be starting point
Chelsea head coach Enzo Maresca has praised his players for showing great team spirit following their 4-1 victory over Real Betis in the UEFA Conference League final on Wednesday.
The Italian emphasized that winning the tournament represented a big step in the team’s development. “It can be a starting point for us. To build a winning mentality you need to win games and competitions. The trophy we won tonight is going to make us better in the future,” he said.
Chelsea became the first club to win all four major UEFA competitions – Champions League, Europa League, Conference League, and the now-defunct Cup Winners’ Cup – and the FIFA Club World Cup after defeating the Spanish side in Wroclaw, Poland.
Wednesday’s win gave Chelsea double cause for celebration after the Blues had secured Champions League qualification by finishing fourth in the Premier League, thanks to a vital 1-0 win at Nottingham Forest in the season’s final matchday on Sunday.