Media
ငလျင်အလွန် ပြည်သူ့ကျန်းမာရေးကဏ္ဍ နည်းပညာဆိုင်ရာ စာရွက်စာတမ်း ၁၂ စုံအား တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပံ့ပိုးပေး
မန္တလေး၊ မေ ၇ ရက် (ဆင်ဟွာ)
မန္တလေးငလျင်ကြီးအလွန် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် လေ့လာကိုးကားနိုင်ရန်အတွက် တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် မေ ၅ ရက်က မြန်မာနိုင်ငံဘက်ကို “မြန်မာနိုင်ငံ မန္တလေးငလျင်ကြီးအလွန် ပြန်လည်နေရာချထားရေးနေရာအချို့၏ ပြည်သူ့ကျန်းမာရေးအခြေအနေ စုံစမ်းစစ်ဆေးသုံးသပ်ချက် အစီရင်ခံစာ” စသည့် စာရွက်စာတမ်း ၁၂ စုံအား ပံ့ပိုးပေးခဲ့သည်။
တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးပေးသော ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်၊ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာန အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ချန်လေက လက်ရှိအချိန်အထိ မြန်မာနိုင်ငံဘက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြသည့် “မြန်မာနိုင်ငံ မန္တလေးငလျင်ကြီးအလွန် ပြန်လည်နေရာချထားရေးနေရာအချို့၏ ပြည်သူ့ကျန်းမာရေးအခြေအနေ စုံစမ်းစစ်ဆေးသုံးသပ်ချက် အစီရင်ခံစာ”၊ “မန္တလေး အမှတ်(၁) ရေတွန်းစက်ရုံ မြို့ပြသောက်သုံးရေ ပေးဝေမှုနှင့် ကျန်းမာရေးအာမခံချက်အခြေအနေ ကွင်းဆင်းသုတေသနပြုချက် အစီရင်ခံစာ”၊ “ငလျင်ဘေးအလွန် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်” နှင့်တကွ ကာလဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေး၊ ဝက်သက် စသည့် ရောဂါအမျိုးအစား ၈ မျိုး၏ စောင့်ကြည့်စစ်ဆေးချက်နှင့် ကပ်ရောဂါဖြစ်ပွားလာပါက စစ်ဆေးစီမံပုံ စသည့် စာရွက်စာတမ်း ၁၂ စုံကို ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းအချက်အလက်” စုစုပေါင်း အပိုင်း ၄ ပိုင်းကို မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနထံသို့ အကြောင်းပြန် တင်ပြကာ မြန်မာနိုင်ငံနှင့်အတူ လုပ်ငန်းအချက်အလက်များကို မျှဝေခဲ့ပြီး မန္တလေးငလျင်အလွန် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းအား အားဖြည့်ကူညီခဲ့ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်ထိ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် မန္တလေးရှိ ပြန်လည်နေရာချထားရေးနေရာ ၄ ခုသို့ သွားရောက် သုတေသနပြုလေ့လာမှု နှစ်ကြိမ် လုပ်ဆောင်ခဲ့ပြီး တတိယအကြိမ်အဖြစ်လည်း သွားရောက်လေ့လာလျက်ရှိကြောင်း သိရသည်။ (Xinhua)
…………………….
(Chinese Version)
中国防疫队向缅方提供12份震后公共卫生技术文件
新华社缅甸曼德勒5月6日电(记者张东强 岳冉冉)中国政府援缅卫生防疫队5日向缅甸方面提供《缅甸曼德勒大地震灾后部分安置点公共卫生状况调查评估报告》等12份文件,为曼德勒灾后卫生防疫工作提供参考。
中国政府援缅卫生防疫队领队、国家疾控局应急处置司副司长陈雷介绍说,截至目前,防疫队已向缅方提供了英文版《缅甸曼德勒大地震灾后部分安置点公共卫生状况调查评估报告》《曼德勒一号水厂城市饮用水供应和卫生保障情况现场调研报告》《地震灾后疾病预防控制工作指南》,以及霍乱、登革热、麻疹等8个单病种监测和暴发疫情调查处置方案等共计12份文件,累计向曼德勒省卫生厅反馈《中国政府援缅卫生防疫队工作信息》4期,与缅方共享工作信息,助力曼德勒灾后卫生防疫工作。
截至目前,中国政府援缅卫生防疫队已完成对曼德勒四个安置点的两轮调研走访,正在开展第三轮走访。(完)