Media
ဝင်ဘယ်ဒန်အိုးပင်းအတွက် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန် ပြန်လည်အာရုံစိုက်နေ
အိုလံပစ်ချန်ပီယံ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က ၎င်းအနေဖြင့် ပြင်သစ်အိုးပင်း ကွာတားဖိုင်နယ်၌ ရှုံးနိမ့်ခဲ့ပြီးနောက် လာမည့် မြက်ခင်းကွင်းပြိုင်ပွဲ ရာသီအတွက် ပြန်လည်အာရုံစိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ကျိန့်မှာ ဇွန် ၃ ရက် ပြင်သစ်အိုးပင်း ကွာတားဖိုင်နယ်ပွဲစဉ်၌ ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ် အရီနာ ဆာဘလန်ကာကို နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
“ကျွန်မ အဲဒီပွဲစဉ်မှာ အခွင့်အရေးတွေအများကြီးကို ဖြုန်းတီးခဲ့တယ်” ဟု ကျိန့်က ဇွန် ၈ ရက်၌ ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် လွန်ခဲ့သည့်နှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲ၌ အလားတူ မြေစေးကွင်းမှာပင် အောင်ပွဲခံနိုင်ခဲ့သည်ဟု ပြန်ပြောင်းပြောဆိုခဲ့သည်။ “ကျွန်မ အရှုံးကနေ သင်ခန်းစာရခဲ့ပါတယ်။ အလားတူအခြေအနေမျိုးနဲ့ ထပ်ပြီးကြုံရတိုင်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်ထိန်းပြီး စိတ်ကိုထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………..
(English Version)
Zheng Qinwen refocusing on Wimbledon after French Open loss
China’s Olympic champion Zheng Qinwen says she is refocusing her efforts on the upcoming grass-court season after defeat in the quarterfinals at the French Open.
Zheng, 22, lost to world No.1 Aryna Sabalenka in straight sets at Roland Garros on Tuesday.
“I blew so many chances during the match,” recalled Zheng on Sunday, after having triumphed on the same clay court at the Paris Olympics last year. “I did learn a lesson from the defeat. I hope whenever I’m in the same situation again, I can keep calm and control my nerves.”