Connect with us

Media

လိုင်ယွန်ကွင်းလယ်ကစားသမား ချာကီကို ကလပ်ကမ္ဘာ့ဖလားမတိုင်မီ မန်စီးတီးအသင်း ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းက လိုင်ယွန်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ရာယန် ချာကီအား ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း (ဒေါ်လာ ၄၆ သန်း) ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
“မန်ချက်စတာစီးတီးအသင်းဟာ ရာယန် ချာကီကို လိုင်ယွန်အသင်းကနေ ခေါ်ယူနိုင်ခဲ့ပါပြီ။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမားဟာ ၂၀၃၀ ပြည့်နှစ် နွေရာသီအထိ အီတီဟက်ဒ်အားကစားကွင်းမှာ ရှိနေမယ့် ငါးနှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးပါပြီ” ဟု မန်စီးတီးအသင်းက ၎င်း၏တရားဝင်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ခေါ်ယူခွင့်ပြုထားသည့် အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီ အချိန်အနည်းငယ်အလိုတွင် မန်စီးတီးအသင်းက ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ချာကီအနေဖြင့် ပြီးခဲ့သည့်ရာသီ၌ လိုင်ယွန်အသင်းအတွက် ပွဲ ၂၀ ပါဝင်ကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူခဲ့သလို ပြီးခဲ့သည့်သီတင်းပတ်က စပိန်အသင်းအား ရှုံးနိမ့်ခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်၌ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့သည်။ (Xinhua)
……………………….
(English Version)
Man City completes Cherki signing ahead of Club World Cup
Manchester City has announced the signing of Rayan Cherki from Lyon in deal worth 34 million pounds (46 million U.S. dollars).
“Manchester City has completed the signing of Rayan Cherki from Lyon. The 21-year-old attacking midfielder has put pen to paper on a five-year deal, which keeps him at the Etihad Stadium until the summer of 2030,” the club announced on its official website just moments before the transfer window allowing players to compete in the FIFA Club World Cup closed.
Cherki made 20 appearances for Lyon last season, scoring 12 goals, and made his debut for the France national team in last week’s 5-4 UEFA Nations League defeat to Spain.