Media
ရီးရဲလ်မက်ဒရစ် ကစားသမားသစ်အဖြစ် ဒင်းဟူဆန်အား တရားဝင်မိတ်ဆက်
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမားသစ်ဖြစ်သူ ဒင်းဟူဆန်အား အသင်း၏ လေ့ကျင့်ရေးကွင်း ဗာလ်ဒီဘီဘတ်စ်တွင် ဇွန် ၁၀ ရက်က တရားဝင်မိတ်ဆက်ခဲ့သည်။
ဘုန်းမောက်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းထံ ယူရိုသန်း ၆၀ နီးပါးဖြင့် ရောက်ရှိလာသည့် အသက် ၂၀ အရွယ် ဟူဆန်၏ အပြောင်းအရွှေ့အား မေ ၁၇ ရက်က အတည်ပြုကြေညာနိုင်ခဲ့သော်လည်း ၎င်းမှာ စပိန်လက်ရွေးစင်အသင်းအတွက် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်တို့တွင် ပါဝင်ကစားခဲ့သည့်အတွက် ၎င်းအား ရီးရဲလ်ကစားသမားသစ်အဖြစ် တရားဝင် မိတ်မဆက်ရသေးခြင်းဖြစ်သည်။ စပိန်အသင်းမှာ ဇွန် ၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် နေးရှင်းလိဂ်ဖိုင်နယ်တွင် ပေါ်တူဂီအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ဟူဆန်မှာ နယ်သာလန်၌ မွေးဖွားခဲ့သူဖြစ်သော်လည်း မာလာဂါမြို့အနီးဝန်းကျင်၌ ကြီးပြင်းခဲ့ကာ ၎င်း၏ ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီ၌ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………….
(English Version)
Dean Huijsen presented as new Real Madrid player
New Real Madrid signing Dean Huijsen was officially presented as a new player at the club’s Valdebebas training ground on Tuesday.
The 20-year-old’s transfer to Real Madrid from Bournemouth for almost 60 million euros was confirmed on May 17th, but he wasn’t officially presented due to his commitments with the Spain national team and he played both the semi-final and the final of the UEFA Nations League, which the Spanish lost on penalties to Portugal on Sunday night.
Although he was born in the Netherlands, Huijsen grew up close to Malaga and moves to Real Madrid after an impressive debut season in the Premier League.