Connect with us

Media

နယ်သာလန်ကွင်းလယ်လူ ရိုင်နာစ်ကို ကလပ်ကမ္ဘာ့ဖလားအတွက် မန်စီးတီးအသင်း ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းက ယခုနွေရာသီ၌ စတုတ္ထမြောက် ကစားသမားခေါ်ယူမှုအဖြစ် အေစီမီလန်အသင်းမှ နယ်သာလန်လက်ရွေးစင် ကွင်းလယ်လူ တိုင်ဂျန်နီ ရိုင်နာစ်အား ခေါ်ယူနိုင်ခဲ့ကြောင်း ဇွန် ၁၁ ရက်က အတည်ပြုကြေညာခဲ့သည်။

ရိုင်နာစ်၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၄၆.၅ သန်း (ဒေါ်လာ ၆၃ သန်း) ဖြစ်ပြီး ငါးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအနေဖြင့် လိုင်ယွန်အသင်းမှ ရာယန် ချာကီကို ခေါ်ယူခဲ့ပြီး မကြာမီမှာပင် အသက် ၂၆ နှစ်အရွယ် ရိုင်နာစ်ကို ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်ကာ ဇွန် ၁၀ ရက် ညနေခင်း၌ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းပြီးမှသာ ယခုအပြောင်းအရွှေ့ကို ကြေညာနိုင်ခဲ့သော်လည်း ၎င်းအနေဖြင့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း အသင်းက အခိုင်အမာပြောဆိုထားသည်။

မန်စီးတီးနည်းပြ ပက်ပ်ဂွါဒီယိုလာအနေဖြင့် နွေရာသီအပြောင်းအရွှေ့ကာလ အစောပိုင်းမှာပင် အသင်းအတွက် လူအင်အားဖြည့်တင်းမှုများကို အကြိတ်အနယ် လုပ်ဆောင်ခဲ့ပြီး ဘယ်နောက်ခံလူ ရာယန် အေ့ထ်နူရီ၊ ဂိုးသမား မားကက်စ် ဘက်တီနယ်လီတို့ကိုလည်း ခေါ်ယူထားပြီးဖြစ်သည်။ (Xinhua)
…………………….
(English Version)
Man City makes late Reijnders signing in time for Club World Cup

Manchester City completed the club’s fourth signing of the summer on Wednesday with the announcement that Dutch international midfielder Tijjani Reijnders has joined from AC Milan.

Reijnders costs 46.5 million pounds (63 million U.S. dollars) and has agreed a five-year deal.

The 26-year-old arrives soon after City completed the signing of Rayan Cherki from Olympique Lyon, and the club insists he will be able to play in the forthcoming FIFA Club World Cup, although the announcement of his arrival was made after the transfer window closed on Tuesday evening.

City coach Pep Guardiola has also seen left back Rayan Ait Nouri and goalkeeper Marcus Bettinelli added to his squad in a busy start to the summer.