Connect with us

Media

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အင်တာမိုင်ယာမီအသင်းကို ဦးဆောင်ရန် စိတ်အားထက်သန်နေဟု မက်ဆီ ပြော

အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် ထားရှိသော ၎င်း၏မျှော်လင့်ချက်များမှာ ကလပ်အသင်းဟောင်း ဘာစီလိုနာနှင့်အတူ ပါဝင်ကစားခဲ့သည့် ယခင်ပြိုင်ပွဲများနှင့် မတူကွဲပြားလျက်ရှိကြောင်း အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြောကြားခဲ့သည်။
မက်ဆီမှာ ၂၀၀၉ ခုနှစ်၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် အဆိုပါပြိုင်ပွဲ၌ ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
ဇွန် ၁၄ ရက်၌ စတင်မည့် ယခုနှစ်ပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း ၃၂ သင်းအထိ တိုးမြှင့်ထားသော စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကာ အမေရိကန်ရှိ မြို့ ကြီး ၁၁ မြို့၌ သီတင်းပတ်လေးပတ်ကျော်ကြာ ကျင်းပသွားမည်ဖြစ်သည်။
“အဲဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရတာက စိတ်လှုပ်ရှားစရာပါပဲ” ဟု မက်ဆီက ဇွန် ၁၃ ရက်၌ ဖီဖာသို့ ပြောကြားခဲ့သည်။ “အခုတစ်ကြိမ်က ကျွန်တော် တခြားအသင်းတွေအတွက် ပါဝင်ကစားခဲ့တုန်းကနဲ့ မျှော်လင့်ချက်ချင်း မတူပါဘူး။ ဒါပေမဲ့ ကျွန်တော် စိတ်အားထက်သန်နေပြီး အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ပြီး ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
အင်တာမိုင်ယာမီအသင်းမှာ ဇွန် ၁၄ ရက်တွင် မိုင်ယာမီမြို့ရှိ ဟာ့ဒ်ရော့ခ် အားကစားကွင်း၌ အယ်လ်အာလီအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ အုပ်စုအဆင့်၌ ပါလ်မီးရက်စ်၊ ပေါ်တိုအသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဖီဖာ၏ ဘောလုံးအဖွဲ့ချုပ် ခြောက်ခုမှ အသင်းများ ပါဝင်မည်ဖြစ်ရာ ကစားသမားများနှင့် ပရိသတ်များအတွက် တစ်မူထူးခြားသော အတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဟု မက်ဆီက ဆိုသည်။ (Xinhua)
…………………….
(English Version)
Messi ‘eager’ to lead Inter Miami at expanded FIFA Club World Cup
Lionel Messi said his expectations for the 2025 FIFA Club World Cup in the United States will be different to those at past editions when he participated with former club Barcelona. The Inter Miami captain was part of the Barcelona teams that won the competition in 2009, 2011, 2015. This year’s tournament, which kicks off on Saturday, features an expanded 32-team format and will be played over four weeks in 11 U.S. cities. “Having the chance to be part of it is exciting,” Messi told FIFA on Friday. “The expectations I have are different to the ones I had when I played for other teams, but I’m eager and I look forward to competing against the best [teams] and doing well.” Inter Miami will begin its campaign against Al Ahly at Miami’s Hard Rock Stadium on Saturday before also facing Palmeiras and Porto in the group stage. Messi said the involvement of clubs from each of FIFA’s six confederations would offer a unique experience for players and fans.