Connect with us

Media

အိုလံပစ်ချန်ပီယံ ကျိန့်ချင်းဝန် မြက်ခင်းကွင်း ပြိုင်ပွဲအမျိုးအစားတွင် ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်တက်ရောက်

လန်ဒန်မြို့တွင် ဇွန် ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Queen’s Club Championships တင်းနစ်ပြိုင်ပွဲတွင် အိုလံပစ်ချန်ပီယံ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က အိမ်ရှင်ဗြိတိန်၏ တင်းနစ်အကျော်အမော် အမ်မာ ရာဒူကာနူအား ၆-၂၊ ၆-၄ ဖြင့် အနိုင်ယူကာ မြက်ခင်းကွင်းပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
အသက် ၂၂ နှစ်အရွယ် ကျိန့်မှာ WTA 500 ပြိုင်ပွဲအမျိုးအစားဖြစ်သည့် အဆိုပါပြိုင်ပွဲ၌ ဆီဒင်-၁ ကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ကာ ပထမအဆင့်ကို ယှဉ်ပြိုင်စရာမလိုဘဲ ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဇွန် ၁၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဒုတိယအဆင့်ပွဲစဉ်၌ ကျိန့်အနေဖြင့် အမေရိကန်တင်းနစ်မယ် မက်ကာနီ ကက်ဆလာနှင့် ပွဲချိန် ၂ နာရီနှင့် ၁၁ မိနစ်ကြာ ယှဉ်ပြိုင်ကစားခဲ့ပြီး ၆-၃၊ ၄-၆၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သလို ဇွန် ၁၃ ရက်ကလည်း အလားတူ ထပ်မံရင်ဆိုင်ရနိုင်သည့် အခြေအနေနှင့် ကြုံခဲ့ရကာ ဒုတိယပွဲလတ် အစပိုင်းတွင် ၎င်း၏စပေးဘောအလှည့်၌ နှစ်ကြိမ် အမှတ်ဆုံးရှုံးခဲ့သည်။
ကျိန့်အနေဖြင့် လွန်ခဲ့သော နှစ်နှစ်အတွင်း ဝင်ဘယ်ဒန် ချန်ပီယံရှစ်ပြိုင်ပွဲ၌ ပထမအဆင့်မှာပင် ထွက်ခွာခဲ့ရသော်လည်း ယခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲနှစ်ခုမှ အတွေ့အကြုံများ ပိုမိုရရှိခဲ့သည်ဟု ယုံကြည်လျက်ရှိသည်။
အမ်မာ နာဗာရိုကို ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့သည့် အမေရိကန်တင်းနစ်မယ် အာမန်ဒါ အန်နစ်ဆီမိုဗာနှင့် ကျိန့်ချင်းဝန်တို့ ဇွန် ၁၄ ရက်၌ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည်ဖြစ်သည်။
အခြား ဆီမီးဖိုင်နယ်ပွဲစဉ်တွင်မူ ဩစတြေးလျအိုးပင်း ချန်ပီယံ အမေရိကန်တင်းနစ်မယ် မက်ဒီဆင်ကီးစ်နှင့် ဂျာမနီတင်းနစ်မယ် တာတီယာနာ မာရီယာတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)
……………………….
(English Version)
Olympic champion Zheng reaches first career grass-court semifinal
China’s Olympic champion Zheng Qinwen reached the semifinals on grass for the first time in her career as she knocked out home sensation Emma Raducanu 6-2, 6-4 at the Queen’s Club Championships here on Friday. Zheng, 22, entered the WTA 500 tournament as the top seed and received a bye in the first round. She needed two hours and 11 minutes to beat McCartney Kessler from the United States 6-3, 4-6, 7-5 in the second round on Thursday and seemed to repeat the story on Friday as she was broken twice at the beginning of the second set.
Zheng suffered first-round exit at the Wimbledon Championships in the past two years, but she believed she has already gained more experience from the two matches she played this year.
Zheng will face Amanda Anisimova on Saturday as the American defeated Emma Navarro 6-3, 6-3. The other semifinal will be between Australian Open champion Madison Keys from the United States and German qualifier Tatjana Maria.