Connect with us

Media

ဒီဘရိုင်းနား နာပိုလီအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိ

မန်ချက်စတာစီးတီးအသင်း၌ ၁၀ နှစ်ကြာ ကစားခဲ့သည့် ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနားမှာ အီတလီစီးရီးအေကလပ် နာပိုလီအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ကြောင်း နာပိုလီအသင်းက ဇွန် ၁၂ ရက်၌ အတည်ပြုခဲ့သည်။
ဒီဘရိုင်းနားအနေဖြင့် ၂၀၁၅ ခုနှစ် နွေရာသီ၌ ဂျာမန်ကလပ် ဝုဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းထံ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘယ်လ်ဂျီယမ် ကွင်းလယ်လူမှာ မန်စီးတီးအသင်း၌ ဘောလုံးရာသီ ၁၀ ခုကြာ ကစားခဲ့စဉ်အတွင်း ပရီးမီးယားလိဂ်ဆုဖလား ခြောက်ကြိမ်၊ လိဂ်ဖလား ငါးကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ်၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရယူနိုင်ရန် ကူညီစွမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းအနေဖြင့် မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၄၂၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၀၈ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် ၁၇၀ ပြုလုပ်နိုင်ခဲ့သည်။
အသက် ၃၃ နှစ်အရွယ် ဒီဘရိုင်းနားနှင့် မန်စီးတီးအသင်းကြား သဘောတူစာချုပ်မှာ ယခုနွေရာသီ၌ သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ဆော်ဒီအာရေဗျနှင့် မေဂျာလိဂ်ကလပ်အသင်းများထံမှ မက်မောလောက်စရာ ကမ်းလှမ်းမှုများ ရရှိခဲ့သော်လည်း ပြိုင်ဆိုင်မှုပြင်းထန်သော ဥရောပရပ်ဝန်း၌သာ ဆက်လက်အခြေချရန် ၎င်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
နာပိုလီအသင်းမှာ ၂၀၂၄-၂၀၂၅ ခုနှစ် ဘောလုံးရာသီ၌ အင်တာမီလန်အား နှာတစ်ဖျားအသာဖြင့် စီးရီးအေဆုဖလားကို လေးကြိမ်မြောက်ကိုင်မြှောက်နိုင်ခဲ့ပြီး ဒီဘရိုင်းနားအနေဖြင့် နာပိုလီအသင်း၌ ဘယ်လ်ဂျီယမ်လက်ရွေးအသင်းဖော် ရိုမီလူ လူကာကူနှင့် ပြန်လည်တွဲဖက်ကစားမည်ဖြစ်သည်။ (Xinhua)
…………………
(English Version)
De Bruyne joins Napoli on free transfer after Man City exit
Kevin De Bruyne has ended his 10-year spell at Manchester City and joined Napoli as a free agent, the Serie A club confirmed on Thursday.
De Bruyne arrived at Manchester City from German side Wolfsburg in the summer of 2015. Over 10 seasons, the Belgian midfielder helped the club win six Premier League titles, five League Cups, two FA Cups, and a UEFA Champions League trophy. He made 422 appearances for City, scoring 108 goals and providing 170 assists.

The 33-year-old’s contract with City was set to expire this summer. Although he received lucrative offers from Saudi Arabia and Major League Soccer, he opted to stay in Europe to continue playing at a high competitive level.
Napoli edged out Inter Milan to claim its fourth Serie A title in the 2024-25 season. At Napoli, De Bruyne will reunite with his Belgium national teammate Romelu Lukaku.