Connect with us

Media

ရီးရဲလ်မက်ဒရစ်က ရေးဗားပလိတ်ကြယ်ပွင့် မာစတန်တူနိုကို ထပ်မံခေါ်ယူ

အာဂျင်တီးနား ဆယ်ကျော်သက်ကြယ်ပွင့် ဖရန်ကို မာစတန်တူနိုအား ရေးဗားပလိတ်အသင်းထံမှ ခေါ်ယူနိုင်ခဲ့ကြောင်း စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က အတည်ပြုကြေညာခဲ့သည်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် အခြား ဥရောပအသင်းကြီးများနှင့် အကြိတ်အနယ်ယှဉ်ပြိုင်၍ အဆိုပါ အသက် ၁၇ နှစ်အရွယ် ကစားသမားကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ မာစတန်တူနိုမှာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားခွင့်ရခဲ့သည့် အသက်အငယ်ဆုံး ကစားသမားဖြစ်သည်။
အဆိုပါ ကွင်းလယ်တိုက်စစ်ကစားသမားအနေဖြင့် ခြောက်နှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ကာ ရေးဗားပလိတ်အသင်းနှင့် ကလပ်ကမ္ဘာ့ဖလားတွင် ပါဝင်ကစားပြီးနောက် ဩဂုတ်လ၌ ရီးရဲလ်မက်ဒရစ်နှင့် ပူးပေါင်းမည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် အဆိုပါ ကစားသမားအတွက် ပြောင်းရွှေ့ကြေးပမာဏ စုစုပေါင်း ယူရို ၆၃.၂ သန်း (ဒေါ်လာ ၇၂.၆ သန်း) ပေးချေရမည်ဖြစ်ကြောင်း ရေးဗားပလိတ်၏ ဝက်ဘ်ဆိုက်၌ အသေးစိတ်ဖော်ပြထားသည်။ (Xinhua)
………………………
Real Madrid continues summer spending with Mastantuorno from River Plate
Real Madrid has confirmed the signing of Argentinean teenager Franco Mastantuono from River Plate.
The Spanish club has held off stiff competition from other major European clubs to sign the 17-year-old who just recently became the youngest player to ever represent the Argentinean national side.
The attacking midfielder has agreed to a six-year contract and will join Real Madrid in August after playing the Club World Cup with his current club.
River Plate has published details of the sale on its website, citing the total cost of the player for Real Madrid as 63.2 million euros (72.6 million US dollars).