Media
ဂျာမန်တင်းနစ်မယ် မာရီယာ Queen’s Club Championships တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူး
ဇွန် ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Queen’s Club Championships တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် လက်ရည်စစ်ပွဲမှတစ်ဆင့် ဝင်ခွင့်ရခဲ့သည့် ဂျာမန်တင်းနစ်မယ် တာတီယာနာ မာရီယာက ကမ္ဘာ့အဆင့်-၁၅ အမေရိကန်တင်းနစ်မယ် အာမန်ဒါ အန်နစ်ဆီမိုဗာအား ၆-၃၊ ၆-၄ ဖြင့် အနိုင်ယူကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
WTA 500 ပြိုင်ပွဲအမျိုးအစားဖြစ်သည့် အဆိုပါပြိုင်ပွဲ၌ လက်ရည်စစ်ပွဲနှစ်ပွဲကို ကျော်ဖြတ်ပြီးမှသာ ပြိုင်ပွဲဝင်ခွင့်ရခဲ့သည့် အသက် ၃၇ နှစ်အရွယ် မာရီယာမှာ ယူအက်စ်အိုးပင်း၌ ဒုတိယရရှိဖူးသူ လေလာ ဖာနန်ဒက်ဇ်၊ ပြင်သစ်အိုးပင်း၌ ဒုတိယရရှိဖူးသူ ကာရိုလီနာ မူချိုဗာ၊ ဝင်ဘယ်ဒန်အိုးပင်း ချန်ပီယံဟောင်း အယ်လီနာ ရီဘာကီနာ၊ ဩစတြေးလျအိုးပင်း လက်ရှိချန်ပီယံ မက်ဒီဆင်ကီးစ်တို့ကို ဆက်တိုက်အနိုင်ယူ၍ ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။
Queen’s Club အမျိုးသမီး တင်းနစ်ပြိုင်ပွဲအား နှစ် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ကာ အမျိုးသား တင်းနစ်ပြိုင်ပွဲကိုမူ ဇွန် ၁၆ ရက်၌ စတင်ဖွင့်လှစ်မည်ဖြစ်သည်။ စပိန်တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ် (ဆီဒင်-၁) မှာ ယခုရာသီ၌ ၎င်းအတွက် ပထမဆုံး မြက်ခင်းကွင်းပွဲစဉ်အဖြစ် တစ်နိုင်ငံတည်းသားဖြစ်သူ အလီဟန်ဒရို ဒါဗီဒိုဗစ် ဖော်ကီနာနှင့် ဇွန် ၁၇ ရက်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
………………..
(English Version)
German qualifier Maria triumphs at Queen’s club
German qualifier Tatjana Maria defeated American world No. 15 Amanda Anisimova 6-3, 6-4 to be crowned at the Queen’s Club Championships here on Sunday.
After winning two qualifying matches to reach the main draw of the WTA 500 event, 37-year-old Maria outplayed former US Open runner-up Leylah Fernandez, former French Open runner-up Karolina Muchova, former Wimbledon champion Elena Rybakina and reigning Australian Open champion Madison Keys in a row to reach the final.
Women’s tournament was held at the Queen’s club for the first time in over 50 years while the men’s tournament is going to be unveiled next Monday. Top seed Carlos Alcaraz is drawn to face his Spanish compatriot Alejandro Davidovic Fokina in his first match on the grass this season on Tuesday.