Media
မန်စီးတီးကစားသမားသစ် ချာကီက မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူလိုဟုဆို
မန်ချက်စတာစီးတီးအသင်းမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကာ အသင်း၏ ကစားသမားသစ် လေးဦးဖြစ်သော ရာယန် ချာကီ၊ ရာယန် အေ့ထ်-နူရီ၊ တိုင်ဂျန်နီ ရိုင်နာစ်နှင့် ဂိုးသမားဖြစ်သူ မားကက်စ် ဘက်တီနယ်လီတို့လည်း အသင်းနှင့်အတူ လိုက်ပါလာခဲ့သည်။ သို့သော် မော်ရိုကိုကလပ် Wydad AC နှင့် ဇွန် ၁၈ ရက် အဖွင့်ပွဲစဉ်မတိုင်မီ ကွင်းလယ်တိုက်စစ်ကစားသမား ချာကီအား ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်နေသည်။
ချာကီ၏ မှတ်ချက်စကားမှာ မန်စီးတီးပရိသတ်များအတွက် ကျေနပ်စရာဖြစ်သော်လည်း ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်း ပရိသတ်များကမူ ၎င်း၏ မှတ်ချက်စကားကို ကြိုဆိုကြလိမ့်မည်မဟုတ်ပေ။
အဆိုပါ ပြင်သစ်သားမှာ လိုင်ယွန်အသင်းတွင် ကစားခဲ့စဉ်က အိုးလ်ထရက်ဖို့ဒ်၌ ယူနိုက်တက်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည့် ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်၌ နာကျင်အချိန်ပိုတွင် သုံးဂိုးအသွင်းခံခဲ့ရပြီး ၅-၄ ဂိုး (နှစ်ကျော့ပေါင်းရလဒ် ၇-၆ ဂိုး) ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ချာကီမှာ ယူနိုက်တက်အား နှစ်ကျော့စလုံးတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ထိုသို့ ရှုံးနိမ့်ခဲ့သည့်အပေါ် စိတ်ပျက်မိကြောင်း၊ ယင်းအတွက် ပြန်လည်လက်စားချေလိုကြောင်း ဝန်ခံပြောဆိုထားသည်။
“အဲဒီတုန်းက ကျွန်တော်က လိုင်ယွန်ကစားသမားဖြစ်တာမို့ အဲဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အနိုင်ရသွားတာကို သဘောမကျပါဘူး။ အခု ကျွန်တော် သူတို့ကို ပြန်ပြီးအနိုင်ယူဖို့ စောင့်မျှော်နေပါတယ်” ဟု ချာကီက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
New Man City signing Cherki: I want to kill Man Utd
Manchester City have arrived in the United States for the Club World Cup with four new signings: Rayan Cherki, Rayan Ait-Nouri, Tijjani Reijnders and goalkeeper Marcus Bettinelli. But it is attacking midfielder Cherki who is drawing the most attention ahead of Wednesday’s opening match against Morocco’s Wydad AC.
While Cherki’s comments have endeared him to City fans, they are unlikely to be welcomed by rivals Manchester United.
The Frenchman was part of the Olympique Lyon side that collapsed at Old Trafford in the Europa League quarterfinals, conceding three goals in injury time to lose 5-4 on the night and 7-6 on aggregate.
Cherki scored in both legs and admitted both his frustration at the defeat and his desire for revenge.
“I didn’t like it when Manchester United won the game against Lyon because I am from Lyon. Now I am waiting for the game to kill them,” he said.