Media
ကျိန့်ချင်းဝန် WTA ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့်-၄ သို့ ရောက်ရှိ
လတ်တလော ထုတ်ပြန်ခဲ့သည့် WTA အဆင့်သတ်မှတ်ချက်အရ တရုတ်တင်းနစ်အကျော်အမော် ကျိန့်ချင်းဝန်မှာ ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံးအဖြစ် ကမ္ဘာ့အဆင့်-၄ နေရာသို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် ကျိန့်မှာ ပြီးခဲ့သည့် သီတင်းပတ်၌ ဝင်ဘယ်ဒန်ပြိုင်ပွဲအကြို အဓိက မြက်ခင်းကွင်းပြိုင်ပွဲဖြစ်သည့် Queen’s Club Championships တင်းနစ်ပြိုင်ပွဲ၌ လက်စွမ်းပြနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အဆင့်တက်လာခဲ့ခြင်းဖြစ်သည်။
အိုလံပစ်ချန်ပီယံ ကျိန့်မှာ အဆိုပါပြိုင်ပွဲ၌ အိမ်ရှင်ပရိသတ်များ၏ အချစ်တော် အမ်မာ ရာဒူကာနူကို ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိကာ ၎င်း၏ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မြက်ခင်းကွင်းပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ (Xinhua)
…………………….
(English Version)
Zheng Qinwen ascends to caree-high world No. 4 ranking
Chinese tennis star Zheng Qinwen has climbed to a career-high world No. 4 in the latest WTA rankings.
The 22-year-old’s rise was fueled by a strong showing at the Queen’s Club Championships last week, a key grass-court warm-up event ahead of Wimbledon.
Zheng, the reigning Olympic champion, reached the semifinals on grass for the first time in her career, highlighted by a 6-2, 6-4 win over home favorite Emma Raducanu.