Media
နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းက ကစားသမားဟောင်းဖြစ်သူ ဟိုက်တင်ဂါအား နည်းပြသစ်အဖြစ် ခန့်အပ်
နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းက ကစားသမားဟောင်းတစ်ဦးဖြစ်သည့် အသက် ၄၁ နှစ်အရွယ် ဂျွန်ဟိုက်တင်ဂါအား နည်းပြချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း မေ ၃၁ ရက်က ကြေညာခဲ့ပြီး စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ် နှစ်လယ်ပိုင်းအထိဖြစ်ကြောင်း သိရသည်။
ဟိုက်တင်ဂါအနေဖြင့် အေဂျက်စ်အား တစ်ရာသီသာ ကိုင်တွယ်ပြီးနောက် မမျှော်လင့်ဘဲ အသင်းမှထွက်ခွာသွားသည့် ဖရန်ဆက်စကို ဖာရီအိုလီ၏နေရာကို ဆက်ခံမည်ဖြစ်သည်။ ဖာရီအိုလီလက်ထက်တွင် အေဂျက်စ်အသင်းမှာ ၂၀၂၃-၂၀၂၄ ရာသီ၏ စိတ်ပျက်ဖွယ် အခြေအနေမှ ရုန်းထနိုင်ခဲ့ကာ နယ်သာလန်ထိပ်တန်းလိဂ်၌ ထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ရာသီကုန်ရန် ငါးပွဲအလိုအထိ ပီအက်စ်ဗီအား ကိုးမှတ်အသာဖြင့် ဦးဆောင်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ခြေချော်သွားခဲ့သဖြင့် ပီအက်စ်ဗီက အေဂျက်စ်ထက် တစ်မှတ်အသာဖြင့် ချန်ပီယံဖြစ်ခဲ့သည်။
ဟိုက်တင်ဂါမှာ လွန်ခဲ့သည့် ဘောလုံးရာသီနှစ်၌ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်း၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး လောလောလတ်လတ်အနေဖြင့် နည်းပြအာနယ်ဆလော့၏ လီဗာပူးလ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူခဲ့သူလည်းဖြစ်သည်။ ၎င်းအနေဖြင့် အင်္ဂလန်သို့ မရောက်ရှိမီ ၂၀၂၃ ခုနှစ်က အေဂျက်စ်အသင်းအား ယာယီနည်းပြအဖြစ် လအတန်ကြာ ကိုင်တွယ်ခဲ့သည်။ (Xinhua)
……………………
(English Version)
Ajax presents former player Heitinga as new coach
Ajax announced the appointment of John Heitinga as the new head coach on Saturday, with the 41-year-old former player signing a contract through mid-2027.
Heitinga succeeds Francesco Farioli at Ajax, who unexpectedly departed after just one season. Under Farioli, Ajax recovered from a disappointing 2023-2024 season to lead the Dutch top flight by nine points over PSV with five rounds remaining. However, Ajax faltered in the final phase of the season, allowing reigning champion PSV to finish first once more.
For the past two seasons, Heitinga served as an assistant coach at West Ham United and most recently at Liverpool, where he won the Premier League title under head coach Arne Slot. Prior to his time in England, he was interim head coach of Ajax for several months in 2023.