Connect with us

Media

ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေ အစာအိမ်ဝေဒနာ ခံစားနေရ

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေမှာ အစာအိမ်ဝေဒနာ ခံစားနေရသည့်အတွက် ဆေးရုံတက်ကာ ကုသမှုခံနေရကြောင်း ကလပ်အသင်းက ဇွန် ၁၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
အမ်ဘာပေမှာ မိုင်ယာမီမြို့ရှိ Hard Rock အားကစားကွင်း၌ ဆော်ဒီကလပ် အယ်လ်-ဟီလာနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အား လွဲချော်ခဲ့သည်။
“ကျွန်တော်တို့အသင်းရဲ့ ကစားသမား ကီလီယန် အမ်ဘာပေဟာ ပြင်းထန်တဲ့ အစာအိမ်ဝေဒနာ ခံစားနေရတဲ့အတွက် ဆေးစစ်မှုတွေ ပြုလုပ်ဖို့နဲ့ သင့်တော်တဲ့ ကုသမှုတွေ ခံယူဖို့ ဆေးရုံတက်နေရပါတယ်” ဟု ရီးရဲလ်အသင်းက ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဆေးစစ်ချက်မှတ်တမ်း ထုတ်ပြန်ခဲ့သည်။
အဆိုပါသတင်းအရ အမ်ဘာပေအနေဖြင့် ဇွန် ၂၂ ရက်၌ အုပ်စုဒုတိယပွဲစဉ်အဖြစ် မက္ကဆီကိုကလပ် ပါချူကာနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိပြီး ပါချူကာမှာ ဇွန် ၁၈ ရက် ညနေခင်းက ရက်ဒ်ဘူး ဆဲလ်ဘတ်အား ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ (Xinhua)
……………………………..

(English Version)
Stomach bug sends Real Madrid’s Mbappe to hospital in Miami

Real Madrid announced on Thursday that striker Kylian Mbappe has been admitted to the hospital in Miami suffering from gastroenteritis.

Mbappe missed his side’s 1-1 draw against Saudi Arabian side Al-Hilal in their first group match in the FIFA Club World Cup at Miami’s Hard Rock Stadium.

“Our player Kylian Mbappe is suffering from an acute case of gastroenteritis and has been admitted to hospital in order to undergo a series of tests and follow the appropriate course of treatment,” read a club medical report on Thursday morning.

The news means Mbappe is unlikely to play in Madrid’s second group match on Sunday against Mexico’s Pachuca, which lost 2-1 to Red Bull Salzburg on Wednesday evening.