Connect with us

Media

နေမာနှင့် ဆန်းတို့စ်အသင်းတို့ စာချုပ်သက်တမ်းတိုးရန် နီးစပ်

ဘရာဇီး စီးရီးအေကလပ် ဆန်းတို့စ်အသင်း၏ ဝါရင့်တိုက်စစ်မှူး နေမာမှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဟု အသင်းဥက္ကဋ္ဌဖြစ်သူက ဇွန် ၂၂ ရက်၌ ပြောကြားခဲ့သည်။
အသက် ၃၃ နှစ်အရွယ် နေမာ၏ လက်ရှိစာချုပ်မှာ ဇွန် ၃၀ ရက်၌ သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ ၎င်းအနေဖြင့် မေဂျာလိဂ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများ ရှိနေသည်ဟု ဘရာဇီးမီဒီယာများက ဖော်ပြလျက်ရှိသည်။
သို့သော် ဆန်းတို့စ်အသင်းက ဘာစီလိုနာနှင့် ပီအက်စ်ဂျီ ကြယ်ပွင့်ကစားသမားဟောင်းကို ဆက်လက်ထိန်းထားနိုင်ရန် အရှိန်မြှင့်ကြိုးပမ်းလျက်ရှိသလို မကြာမီ သဘောတူညီမှု ရယူနိုင်မည်ဟုလည်း ယုံကြည်လျက်ရှိသည်။
“ကျွန်တော်တို့ နေမာရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေပါတယ်” ဟု ကလပ်အသင်း ဥက္ကဋ္ဌ မာဆယ်လို တေးရှေရာက ဘရာဇီးအသံလွှင့်ဌာန Radio Bandeirantes သို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုက အတော်လေးတိုးတက်နေပြီး နေမာအနေနဲ့ အသင်းမှာ ဆက်ရှိနိုင်မယ့် သဘောတူညီချက်သစ်တစ်ရပ်ရဖို့ အလွန်နီးစပ်နေပါပြီ” ဟု ၎င်းက ဆိုသည်။
ဘရာဇီးအသင်းအတွက် ၇၉ ဂိုး သွင်းယူထားကာ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သည့် နေမာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ၌ ပြင်းထန် ဒူးအရွတ်ဒဏ်ရာ ရရှိပြီးချိန်မှစ၍ ပုံမှန်ခြေစွမ်းပြနိုင်ရန်နှင့် ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်ရန် ရုန်းကန်ခဲ့ရသည်။
နေမာမှာ ငယ်ဘဝ ကလပ်အသင်းဖြစ်သည့် ဆန်းတို့စ်အသင်းထံ ခြောက်လစာချုပ်ဖြင့် ဇန်နဝါရီလ၌ ပြောင်းရွှေ့လာပြီးနောက် ယခုနှစ်အတွင်း ဆန်းတို့စ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲသာ ပါဝင်ကစားထားပြီး သွင်းဂိုးသုံးဂိုးနှင့် ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်ထားသည်။ (Xinhua)
………………
(English Version)
Neymar ‘close’ to extending Santos deal
Veteran forward Neymar is close to extending his contract with Santos, the Brazilian Serie A club’s president said on Sunday.
The 33-year-old’s current deal is set to expire on June 30 and local media have linked him with a possible move to Major League Soccer.
But Santos has intensified efforts to retain the former Barcelona and Paris Saint-Germain star in recent days and is confident a deal will be finalized soon.
“We are talking to Neymar’s representatives,” club president Marcelo Teixeira told Radio Bandeirantes. “We are making great progress with our negotiations and are very close to a new agreement that would allow Neymar to stay for a new period.”
Neymar, Brazil’s all-time leading scorer with 79 goals, has struggled for form and fitness since returning from a ruptured anterior cruciate ligament sustained in October 2023.
He has made just 12 appearances across all competitions for Santos this year, scoring three goals and providing three assists, after rejoining his boyhood club on a six-month contract in January.