Media
အယ်လ်ကာရက်ဇ်က Queen’s Club ချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူး
Queen’s Club ချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန် ၂၂ ရက်က ကျင်းပခဲ့ရာ ဆီဒင်-၁ ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်က ချက်ကြယ်ပွင့်ကစားသမား ဂျီရီ လီဟက်ကာကို ၇-၅၊ ၆-၇ (၅)၊ ၆-၂ ဖြင့် အနိုင်ယူကာ ချန်ပီယံဆု ရယူနိုင်ခဲ့ပြီဖြစ်သည်။
ATP 500 ပြိုင်ပွဲအမျိုးအစား မြက်ခင်းကွင်းပြိုင်ပွဲဖြစ်သည့် Queen’s Club တွင် ၂၀၂၃ ခုနှစ်ကလည်း ချန်ပီယံဖြစ်ခဲ့ဖူးသည့် အယ်လ်ကာရက်ဇ်က ၎င်းအနေဖြင့် ယခုလအစောပိုင်းက ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ကာကွယ်နိုင်ပြီးနောက် မြက်ခင်းကွင်း၌ နှစ်ရက်သာ လေ့ကျင့်ချိန်ရခဲ့သည့်အတွက် ယခုတစ်ကြိမ်တွင် ဆုဖလားကိုင်မြှောက်နိုင်မည်ဟု မျှော်လင့်မထားခဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။
အသက် ၂၂ နှစ်အရွယ် အဆိုပါ စပိန်သားမှာ လီဟက်ကာ၏ တုံ့ပြန်ကစားပုံကြောင့် ဒုတိယပွဲလတ်တွင် ရှုံးနိမ့်ခဲ့သော်လည်း အဆုံးအဖြတ်ပွဲတွင်မူ အရေးပါသော အခိုက်အတန့်များတွင် အသာစီးယူနိုင်ခဲ့သည်။
“ကျွန်တော် ဘာမျှော်လင့်ချက်မှမထားဘဲ ဒီကိုလာခဲ့တာပါ။ မြက်ခင်းကွင်းပေါ်မှာ ကျင့်သားရပြီး တိုးတက်ဖို့လိုနေသေးတဲ့ အရာတွေ၊ ပိုကောင်းအောင်လုပ်ရမယ့် အရာတွေကို သိနိုင်ဖို့ နှစ်ပွဲသုံးပွဲ ကစားကြည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကိုလာခဲ့တာပါ” ဟု ဂရင်းစလင်း ချန်ပီယံငါးဆုရှင်က ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ဝင်ဘယ်ဒန်အိုးပင်း ချန်ပီယံဆုကိုလည်း မကြာမီ ကာကွယ်ရမည်ဖြစ်သည်။ (Xinhua)
………………….
(English Version)
Alcaraz triumphs at Queen’s club
Top seed Carlos Alcaraz defeated Czech hopeful Jiri Lehecka 7-5, 6-7(5), 6-2 to claim the title at the Queen’s Club Championships on Sunday.
Alcaraz, who also won the grass-court ATP 500 event in 2023, admitted he didn’t expect to lift the trophy this time, having only practiced on grass for two days after taking time off following his successful French Open title defense earlier this month.
The 22-year-old Spaniard was tested by Lehecka, dropping the second set, but gained the upper hand during key moments in the decider.
“I came here with no expectations at all. I just came here with a goal to play two, three matches, try to feel great on grass and give myself the feedback of what I have to improve, what I have to better,” said the five-time Grand Slam winner, who will soon begin his Wimbledon title defense.