Media
ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရာတွင် ဇာဗီအလွန်ဆိုက အလွန်အရေးပါခဲ့ဟု မာစတန်တူနို ပြော
ရေးဗားပလိတ်အသင်း၏ ဆယ်ကျော်သက် တိုက်စစ်ကစားသမား ဖရန်ကို မာစတန်တူနိုက ၎င်းအနေဖြင့် ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ရာတွင် နည်းပြသစ် ဇာဗီအလွန်ဆိုက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ဇွန် ၂၄ ရက်၌ ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်အသင်းက မာစတန်တူနိုအား စာချုပ်ဖျက်သိမ်းကြေး ယူရို ၆၃ သန်း (ဒေါ်လာ ၇၂ သန်းဝန်းကျင်) ဖြင့် ခေါ်ယူခွင့်ရှိသည့်အချက်ကို အသက်သွင်းခဲ့သည့်အတွက် မာစတန်တူနိုမှာ ဩဂုတ်လအတွင်း ဘာနေဗျူးသို့ ပြောင်းရွှေ့လာမည်ဖြစ်သည်။
ပြီးခဲ့သည့်လက နည်းပြ ကာလိုအန်ဆယ်လော့တီ၏ နေရာတွင် အစားထိုးတာဝန်ယူခဲ့သည့် အလွန်ဆိုနှင့် ဖုန်းပြောဆိုစဉ်အတွင်း ၎င်းအနေဖြင့် မှန်ကန်သော အပြောင်းအရွှေ့ဖြစ်မည်ဟု ချက်ချင်း ယုံကြည်လက်ခံသွားခဲ့ကြောင်း အသက် ၁၇ နှစ်အရွယ် မာစတန်တူနိုက ဖွင့်ဟပြောဆိုခဲ့သည်။
“ဇာဗီ ကျွန်တော်နဲ့ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ပုံက မယုံနိုင်စရာပါပဲ။ ကျွန်တော် တကယ့်ကိုကျေးဇူးတင်ပါတယ်” ဟု DAZN ရုပ်သံနှင့် အင်တာဗျူး၌ မာစတန်တူနိုက ပြောကြားခဲ့သည်။
လူငယ်ကြယ်ပွင့်ကစားသမားဖြစ်သူ မာစတန်တူနိုမှာ ပြီးခဲ့သည့်ရာသီတွင် ရေးဗားပလိတ်အသင်း၌ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားခဲ့ရာတွင် ၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ (Xinhua)
##RealMadrid #XabiAlonso #FrancoMastantuono #အားကစား #ရီးရဲလ်မက်ဒရစ် #ဇာဗီအလွန်ဆို #ဖရန်ကိုမာစတန်တူနို
……………………………
(English Version)
Mastantuono: Xabi Alonso call crucial to Real Madrid move
Teenage River Plate forward Franco Mastantuono said Tuesday that new Real Madrid manager Xabi Alonso had played a major role in his decision to sign with the Spanish club.
Mastantuono is set to arrive at the Bernabeu in August after Madrid triggered his buyout clause of 63 million euros (around 72 million US dollars).
The 17-year-old revealed that a phone call with Alonso, who replaced Carlo Ancelotti as Real Madrid’s manager last month, had immediately convinced him it was the right move.
“The way Xabi handled things with me was incredible. I’m really grateful,” Mastantuono said in an interview with DAZN.
Mastantuono has enjoyed a breakout season for River Plate with seven goals and four assists in 21 games across all competitions.