Media
ပီအက်စ်ဂျီက ချန်ပီယံလိဂ် ဆုဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူး
မေ ၃၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီက အင်တာမီလန်ကို ၅-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ အသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ခဲ့ပြီး ဥရောပအောင်မြင်မှုအား ကာလကြာမြင့်စွာ ရှာဖွေမှုကို အဆုံးသတ်နိုင်ခဲ့သည်။
ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအနေဖြင့် ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး အက်ခရက်ဖ် ဟာကီမီက ပွဲကစားချိန် ၁၂ မိနစ်မှာပင် ၎င်း၏အသင်းဟောင်းကို ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ခုနစ်မိနစ်အကြာတွင် ၁၉ နှစ်အရွယ် ဒီဆရဲဒူးက တည်တည်ငြိမ်ငြိမ် အဆုံးသတ်၍ ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သလို ဒုတိယပိုင်း ၆၃ မိနစ်တွင်လည်း ၎င်းက အနိုင်ဂိုးတစ်ဂိုး ထပ်မံသွင်းယူခဲ့သည်။ သို့ဖြစ်ရာ ၎င်းအနေဖြင့် ၁၉၆၂ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် ဘင်ဖီကာကစားသမား အူဆီဘီယိုနောက်ပိုင်း ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သည်။
ပီအက်စ်ဂျီအသင်းက အင်ပြည့်အားပြည့် pressing ကစားဟန်၊ ပြေပြစ်ညက်ညောသည့် တိုက်စစ်ဆင် ကစားဟန်တို့ဖြင့် အင်တာမီလန်ကို စိုးမိုးထားနိုင်ခဲ့ရာ အင်တာမီလန်အနေဖြင့် တည်ကန်ဘောများမှတစ်ဆင့် ရံဖန်ရံဖန် ခြိမ်းခြောက်နိုင်ရုံမှလွဲ၍ အပိုင်အခွင့်အရေးများကို ဖန်တီးနိုင်ရန် ရုန်းကန်ခဲ့ရသည်။ ပီအက်စ်ဂျီဂိုးသမား ဂီယန်လူဂီ ဒွန်နာရမ်မာကလည်း ဂိုးပေါက်ကို ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရခြင်းမရှိဘဲ ပီအက်စ်ဂျီကသာ တစ်ပွဲလုံးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
ပွဲကစားချိန် ၇၃ မိနစ်တွင် သေသပ်လှပသည့် တန်ပြန်တိုက်စစ်မှတစ်ဆင့် ခဗီချာ ခဗာရာစခီလီယာက စတုတ္ထအနိုင်ဂိုး သွင်းယူခဲ့သလို လူစားဝင်ကစားသမား ဆန်နီ မာယူလူက ပုံမှန်ပွဲကစားချိန် ပြီးဆုံးရန် လေးမိနစ်အလိုတွင် ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။
သို့ဖြစ်ရာ ၂၀၁၅ ခုနှစ်တွင် ဘာစီလိုနာအသင်းနှင့်အတူ ဖလားသုံးလုံး ရယူခဲ့သည့် ပီအက်စ်ဂျီနည်းပြ လူးဝစ်စ် အန်နရီကေးအနေဖြင့် ပက်ပ် ဂွါဒီယိုလာနည်းတူ မတူညီသည့် ကလပ်အသင်းနှစ်သင်းနှင့် ဖလားသုံးလုံး ကိုင်မြှောက်နိုင်သည့် နည်းပြနှစ်ဦးထဲမှ တစ်ဦးအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။ (Xinhua)
………………………..
(English Version)
PSG claims maiden Champions League title in emphatic fashion
Paris Saint-Germain ended its long quest for European glory with a commanding 5-0 triumph over Inter Milan in Munich on Saturday, capturing its first-ever Champions League title in record-breaking fashion.
The French champion started strong, securing an early lead when Achraf Hakimi scored in the 12th minute against his former club. Just seven minutes later, 19-year-old Desire Doue doubled the lead with a composed finish, before adding another goal midway through the second half. This feat made him the youngest player since Benfica’s Eusebio in 1962 to score twice in a Champions League final.
PSG’s high-intensity pressing and fluid attacking style overwhelmed Inter, who struggled to produce clear-cut chances despite occasional threats from set pieces. While Gianluigi Donnarumma remained largely untroubled in goal, PSG maintained control throughout the match.
Khvicha Kvaratskhelia contributed a fourth goal in the 73rd minute following a slick counterattack, and substitute Senny Mayulu completed the rout with four minutes to go.
Coach Luis Enrique, who won the treble with Barcelona in 2015, now joins Pep Guardiola as one of only two managers to achieve that feat with two different clubs.