Media
မြန်မာနိုင်ငံတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း ၁၉၈ ရွာ၌ အသေးစားစက်မှုလုပ်ငန်း အကောင်အထည်ဖော်မည်
ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ မြန်မာ့အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝှမ်းရှိ ကျေးရွာပေါင်း ၁၉၈ ရွာတွင် အသေးစားစက်မှုလုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့(ဇွန် ၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
စီမံကိန်း၏ ပထမခြေလှမ်းသည် ဒေသတွင်းနေထိုင်သူများက အသေးစားစီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန် သင်တန်း၊ ပစ္စည်းများနှင့် စက်ကိရိယာများ ပံ့ပိုးပေးခြင်းဖြင့် မိသားစု ၀င်ငွေများ တိုးတက်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအတွက် ဌာနက ငွေကျပ် ၂.၄၇ ဘီလီယံကျော် အသုံးပြုမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဆပ်ပြာထုတ်လုပ်ခြင်း၊ အပ်ချုပ်ခြင်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း၊ အိမ်တွင်းလျှပ်စစ်ဝါယာကြိုးများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်းနှင့် ဒီဇယ်အင်ဂျင်ပြုပြင်ခြင်းဆိုင်ရာ သင်တန်းများကို ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းများဖွင့်လှစ်ပို့ချခြင်းအပြင်၊ ဌာနသည် အသေးစားစီးပွားရေးလုပ်ငန်းများ စတင်ရန် လိုအပ်သောကိရိယာများနှင့် ပစ္စည်းများကိုလည်း ပံ့ပိုးပေးကြောင်း သိရသည်။
အလားတူ စီမံကိန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၁၅၅ရွာ နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၂၂၁ ရွာတို့၌ အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ (Xinhua)