Media
လီဝန်ဒေါစကီးက မိမိအနေဖြင့် ထိပ်တန်းအဆင့်၌ ဆက်လက်ကစားနိုင်စွမ်း ရှိသည်ဟုဆို
ဘာစီလိုနာအသင်း တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက ၎င်းအနေဖြင့် ထိပ်တန်းအဆင့်၌ ဆက်လက်ကစားနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး အသင်း၌ ၎င်း၏ကစားသမားဘဝကို မည်သည့်အချိန်တွင် အဆုံးသတ်မည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
အသက် ၃၆ နှစ်အရွယ် လီဝန်ဒေါစကီးမှာ ဘာစီလိုနာအသင်း လာလီဂါဆုဖလားနှင့် စပိန်ဘုရင့်ဖလားတို့ကို ဆွတ်ခူးခဲ့စဉ်က အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ကြွက်သားဒဏ်ရာကြောင့် ရာသီနှောင်းပိုင်းတွင် ပါဝင်ကစားနိုင်ခြင်း မရှိသော်လည်း ပြိုင်ပွဲစုံ၌ ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
လက်ကျန်စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ထပ်မံသက်တမ်းတိုးရန် စဉ်းစားထားခြင်းရှိမရှိနှင့် ၎င်း၏အနာဂတ်အတွက် မည်သို့စဉ်းစားထားသနည်းဟု ဘာစီလိုနာအခြေစိုက် အယ်လ်မွန်ဒို ဒီပေါ့တီဗို သတင်းစာက လီဝန်ဒေါစကီးအား မေးမြန်းခဲ့သည်။
“နောက်ရာသီပြီးရင် ဘာလုပ်ချင်သလဲဆိုတာကို ဆုံးဖြတ်ဖို့ ကျွန်တော့်အတွက် အချိန်အလုံအလောက် ရသေးတယ်လို့ ထင်ပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ရာသီက ခြေစွမ်းအတိုင်း ကစားနိုင်ပါသေးတယ်” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။ “နောင်တစ်ချိန်မှာ ကျွန်တော့်စိတ်ကို ပြောင်းလဲစေနိုင်တဲ့ ဘောလုံးအားကစားပြင်ပက တခြားအရာတစ်ခုခုလည်း အချိန်မရွေး ရှိလာနိုင်ပါတယ်” ဟု လီဝန်ဒေါစကီးက အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
………………
(English Version)
Lewandowski feeling good but in no hurry to decide future
FC Barcelona striker Robert Lewandowski expressed confidence in his ability to continue performing at a high level but declined to set a specific end date for his career at the club.
The 36-year-old played a key role in Barcelona’s La Liga and Copa del Rey double-winning season, scoring 42 goals across all competitions despite being sidelined late in the campaign with a muscle injury.
Speaking to the Barcelona-based El Mundo Deportivo newspaper, Lewandowski was asked about his future and whether he has considered extending his stay beyond the remaining year on his contract.
“I think I have enough time to decide what I want to do after next season. I can play at the same level as last season,” said Lewandowski, who noted that there could always be “something else outside of football that can ultimately change what’s on my mind.”