Media
မန်စီးတီးကွင်းလယ်လူ ကိုဗာချစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်မည်
မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား မတ်တီယို ကိုဗာချစ်မှာ သီတင်းနှစ်ပတ်နီးပါးအကြာတွင် ယှဉ်ပြိုင်ကစားမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်မည်ဖြစ်ကြောင်း အသင်းဘက်က အတည်ပြုပြောကြားခဲ့သည်။
ပက်ပ်ဂွါဒီယိုလာ၏ အသင်းအနေဖြင့် ဖီလာဒဲလ်ဖီးယားမြို့တွင် ဇွန် ၁၈ ရက်၌ မော်ရိုကိုကလပ် Wydad AC နှင့် ပွဲဦးထွက် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ကိုဗာချစ်မှာ ခြေဖနောင့်ကြောဒဏ်ရာအား ခွဲစိတ်ကုသမှု ခံယူထားသည့်အတွက် ထိုပွဲစဉ်၌ ပွဲထွက်လူစာရင်းတွင် ပါဝင်မည်မဟုတ်ကြောင်း မန်စီးတီးအသင်းက ဇွန် ၂ ရက်၌ ထုတ်ပြန်ခဲ့သည်။
“မန်စီးတီးအသင်းဟာ ဇွန်လမှာ အမေရိကန်ကို ထွက်ခွာရမှာဖြစ်လို့ ခရိုအေးရှား ကွင်းလယ်လူဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်တော့မှာပါ။ မတ်တီယိုဟာ ခွဲစိတ်မှုအပြီးမှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရင်း နွေရာသီကို ဖြတ်သန်းမှာဖြစ်ပါတယ်။ အသင်းမှာရှိတဲ့သူ အားလုံးကလည်း သူအမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းပေးပါတယ်” ဟု အသင်း၏ ဝက်ဘ်ဆိုက်၌ အတည်ပြုထုတ်ပြန်ထားသည်။
အသင်း၏ အားထားရသော ကွင်းလယ်လူ ရိုဒရီဂို ဟာနန်ဒက်ဇ် (ရိုဒရီ) မှာ ကလပ်ကမ္ဘာ့ဖလားတွင် ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာနိုင်ပြီး ပုံမှန်ခြေစွမ်းပြနိုင်ရန် နည်းပြဂွါဒီယိုလာက မျှော်လင့်လျက်ရှိသည်။ (Xinhua)
………………….
(English Version)
Man City midfielder Kovacic out of Club World Cup after Achilles operation
Manchester City has confirmed that midfielder Mateo Kovacic will miss the Club World Cup, which kicks off in just under two weeks.
The team coached by Pep Guardiola starts its campaign against Moroccan side Wydad AC in Philadelphia on June 18th, but Kovacic won’t be in the starting 11 after an announcement from the club on Monday that he has had an operation on an Achilles tendon injury.
“The Croatian midfielder is now set to miss the FIFA Club World Cup as City head to the USA in June. Mateo will spend the summer rehabilitating from the operation, and everyone at the club wishes him a speedy recovery,” confirmed the club website.
Guardiola will be hoping that Rodrigo Hernandez is able to return to full fitness and form in the United States.