Connect with us

Media

အက်သလက်တီကို တိုက်စစ်မှူး ဂရီးဇ်မန်း ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို

အက်သလက်တီကိုမက်ဒရစ်အသင်း၏ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်တိုနီ ဂရီးဇ်မန်းမှာ ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိ အသင်း၌ ဆက်ရှိနေမည့် သက်တမ်းတိုးစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။
“ပြင်သစ်ကစားသမား အန်တိုနီ ဂရီးဇ်မန်းဟာ ၂၀၂၇ ခုနှစ် ဇွန် ၃၀ ရက်အထိ စာချုပ်သက်တမ်းတိုးဖို့ အသင်းနဲ့ ကစားသမားကြား သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်” ဟု အက်သလက်တီကိုအသင်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
ထို့အတွက်ကြောင့် ၂၀၁၄ ခုနှစ်တွင် ရီးရဲလ်ဆိုစီဒက်အသင်းမှ အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့လာသည့် ဂရီးဇ်မန်းအနေဖြင့် အသက် ၃၆ နှစ်အရွယ်အထိ အသင်း၌ ဆက်ရှိနေမည်ဖြစ်သည်။ ဂရီးဇ်မန်းမှာ အက်သလက်တီကို၌ ကာလနှစ်ခုကြာ ကစားခဲ့ရာတွင် ပွဲပေါင်း ၄၄၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဘာစီလိုနာအသင်း၌ နှစ်နှစ်ကြာကစားခဲ့သည်။
၎င်းအနေဖြင့် အက်သလက်တီကိုအတွက် ကလပ်စံချိန်တင်သွင်းဂိုး ၁၉၇ ဂိုးအထိ သွင်းယူထားသလို အသင်းဖော်များဖြစ်သည့် ဂျန်အော့ဘလက်ခ်နှင့် အိန်ဂျယ် ကော်ရဲယားတို့ပြီးလျှင် အသင်းအတွက် တတိယမြောက် ပွဲအများဆုံး ပါဝင်ကစားထားသည့် စပိန်သားမဟုတ်သော ကစားသမားလည်းဖြစ်သည်။
ယခုရာသီ၌ ၎င်း၏စွမ်းဆောင်ရည်မှာ ယမန်နှစ်ကထက် အနည်းငယ် ကျဆင်းသွားသော်လည်း လာလီဂါသွင်းဂိုး ရှစ်ဂိုးအပါအဝင် ပြိုင်ပွဲစုံ၌ ၁၆ ဂိုး သွင်းယူထားသလို လာလီဂါ၊ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတို့တွင် ၅၃ ပွဲ ပါဝင်ကစားခဲ့ပြီး ဂိုးဖန်တီးမှု ကိုးကြိမ် ပြုလုပ်ထားခဲ့သည်။ (Xinhua)

……………………..

(English Version)
Griezmann signs on until 2027 at Atletico Madrid

French international forward Antoine Griezmann has signed a contract extension that will keep him at Atletico Madrid until the end of June 2027.

“Antoine Griezmann and Atletico Madrid have reached an agreement for the French footballer to renew his contract until June 30th, 2027,” explained the Atletico website.

The news means that Griezmann will stay at the club he originally joined from Real Sociedad in 2014, until he is 36 years old. Griezmann has played 442 games for Atletico in two spells, with a two-year hiatus at FC Barcelona between 2019 and 2021.

He has also scored a club record 197 goals and is the non-Spanish player with the third-highest number of appearances for the club after team-mates Jan Oblak and Angel Correa.

This season saw his performances drop slightly in comparison with previous years, but Griezmann still scored eight goals in La Liga and 16 in all competitions, as well as giving nine assists in 53 appearances in Liga, Copa and Champions League