Connect with us

Media

ကိုရင်သီယန်စ်အသင်းတွင် ဒီပိုင်း ဆက်ရှိနေမည်ဟုဆို

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

နယ်သာလန် လက်ရွေးစင်တိုက်စစ်မှူး မမ်းဖစ်စ် ဒီပိုင်းအနေဖြင့် ကိုရင်သီယန်စ်အသင်းမှ ထွက်ခွာရန် နီးစပ်နေပြီဟူသော သတင်းများကို ၎င်း၏ကလပ်အသင်းက ဇူလိုင် ၁၀ ရက်၌ ငြင်းဆိုလိုက်ကြောင်း သိရသည်။
အဆိုပါ အသက် ၃၁ နှစ်အရွယ် ကစားသမားမှာ ဇူလိုင် ၉ ရက်က မဖြစ်မနေပါဝင်ရမည့် အသင်းလိုက် လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်ခဲ့ခြင်း မရှိသည့်နောက် ဆော်ပေါ်လိုအခြေစိုက် ကလပ်အသင်း၌ ၎င်း၏ အနာဂတ်မှာ ရေရာမှုမရှိတော့ကြောင်း ဘရာဇီး မီဒီယာများက ဖော်ပြခဲ့သည်။
ဒီပိုင်းအနေဖြင့် ဇူလိုင် ၁၀ ရက်၌ အသင်းထံ လာရောက်သတင်းပို့ခဲ့ပြီး ယမန်နေ့က လေ့ကျင့်ခန်းဆင်းရန် ပျက်ကွက်မှုအတွက် လက်ခံနိုင်လောက်သည့် ဖြေရှင်းချက်တစ်ခု ပေးခဲ့ကြောင်း ကိုရင်သီယန်စ်အသင်းက ဆိုသည်။
“သူဟာ အသင်းရဲ့ ယာယီဥက္ကဋ္ဌ အော့စမာ စတာဘိုင်း၊ အားကစားဆိုင်ရာ အမှုဆောင်အရာရှိ ဖာဘင်ညို ဆိုဒါလ်ဒို၊ နည်းပြချုပ် ဒိုရီဗာ ဂျူနီယာတို့နဲ့ တွေ့ဆုံခဲ့ပါတယ်” ဟု အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“အဲဒီတွေ့ဆုံမှုအတွင်းမှာ ကစားသမားဘက်က သူပျက်ကွက်ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပြီး ကိုရင်သီယန်စ်အသင်းမှာပဲ ဆက်ကစားချင်တယ်လို့ ပြောပါတယ်။ လိုအပ်တဲ့အဆင့်တွေကို လုပ်ဆောင်ပြီးနောက် အသင်းဥက္ကဋ္ဌက အဲဒီကိစ္စ ပြေလည်သွားပြီလို့ မှတ်ယူလိုက်ပါပြီ” ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။
ဒီပိုင်းအနေဖြင့် အပိုဆုကြေး မရရှိသေးခြင်း၊ ပုံရိပ်အသုံးပြုခွင့် စသည်တို့နှင့် ပတ်သက်၍ မပျော်မရွှင်ဖြစ်နေကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
ကိုရင်သီယန်စ်အသင်းနှင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်သက်တမ်းရှိသော ဒီပိုင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၃ ဂိုး သွင်းယူခဲ့သည်။ (Xinhua)
………………………………………..
(English Version)
Depay to stay after talks: Corinthians
RIO DE JANEIRO, July 10 (Xinhua) — Corinthians denied reports on Thursday that Netherlands international striker Memphis Depay is close to leaving the club.
Brazilian media reported the 31-year-old’s future at the Sao Paulo outfit was in doubt after he missed a compulsory team training session on Wednesday.
Corinthians said Depay reported to training on Thursday and had provided a satisfactory explanation for his absence the previous day.
“He met with Corinthians’ acting president, Osmar Stabile, football executive Fabinho Soldado and head coach Dorival Junior,” read a statement on the club’s official website.
“During the meeting, the player explained his absence and expressed his desire to remain at Corinthians. After taking the necessary steps, the presidency considers the matter resolved.”
Local reports said Depay is unhappy, citing unpaid bonuses and image rights.
Depay, whose Corinthians contract is due to run until December 2026, has made 42 appearances and scored 13 goals across all competitions since joining the club as a free agent last September.