Connect with us

Media

ဖရန့်ဖွတ်အသင်း တိုက်စစ်မှူး အီကီတိုက်အား ခေါ်ယူရန် လီဗာပူးလ်အသင်း သဘောတူညီမှုရရှိ

လန်ဒန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
အိန်းထရက်ချ် ဖရန့်ဖွတ်အသင်း တိုက်စစ်မှူး ဟူဂို အီကီတိုက်အား ပြောင်းရွှေ့ကြေး ပေါင် ၇၉ သန်း (ဒေါ်လာ ၁၀၆ သန်း) တန်ကြေးရှိသော စာချုပ်တစ်ရပ်ဖြင့် ခေါ်ယူရန် ၎င်း၏ကလပ်အသင်းနှင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း လီဗာပူးလ်အသင်းက တရားဝင် ကြေညာခဲ့သည်။
“လီဗာပူးလ်အသင်းနဲ့ ဂျာမန်ကလပ် ဖရန့်ဖွတ်အသင်းတို့ဟာ ပေါင် ၆၉ သန်း၊ အပိုဆုကြေး ပေါင် ၁၀ သန်း တန်ကြေးရှိတဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပါတယ်” ဟု လီဗာပူးလ်အသင်းက ဇူလိုင် ၂၁ ရက်၌ ကြေညာချက်ထုတ်ပြန်၍ အတည်ပြုခဲ့သည်။
အီကီတိုက်အနေဖြင့် ဆေးစစ်မှုခံယူရန်၊ နည်းပြအာနယ်ဆလော့၏ အသင်းနှင့် ကာလရှည် စာချုပ်တစ်ရပ်ကို အပြီးသတ်နိုင်ရန် ယခုသီတင်းပတ် နှောင်းပိုင်းတွင် မာဆေးဆိုက်သို့ ရောက်ရှိလာမည်ဟု ယူဆရသည်။
အသက် ၂၃ နှစ်အရွယ် အဆိုပါ ပြင်သစ်ကစားသမားအနေဖြင့် ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ဖရန့်ဖွတ်အသင်း၏ ဇူလိုင် ၁၉ ရက် ရာသီကြို ခြေစမ်းပွဲတွင် အရန်ခုံ၌သာ ရှိနေခဲ့ပြီး ပါဝင်ကစားခဲ့ခြင်းမရှိပေ။ အီကီတိုက်မှာ ပြီးခဲ့သည့်ရာသီတွင် ပြိုင်ပွဲစုံ ၄၈ ပွဲ ပါဝင်ကစားခဲ့ရာ ၂၂ ဂိုး သွင်းယူခဲ့ပြီး ဖရန့်ဖွတ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေရန် ၎င်း၏ခြေစွမ်းဖြင့် ပံ့ပိုးကူညီခဲ့သူဖြစ်သည်။ (Xinhua)
……………………
(English Version)
Liverpool set to sign striker Ekitike from Eintracht Frankfurt
LONDON, July 21 (Xinhua) — Liverpool have officially announced that they have reached an agreement with Eintracht Frankfurt over the signing of striker Hugo Ekitike in a deal worth 79 million pounds (106 million U.S. dollars).
In a statement released on Monday, the club confirmed: “The Reds and the German outfit have struck a transfer deal said to be worth 69 million pounds plus 10 million pounds in add-ons.”
Ekitike is expected to travel to Merseyside later this week to undergo a medical and finalize a long-term contract with manager Arne Slot’s team.
The 23-year-old Frenchman was an unused substitute in Eintracht’s pre-season friendly on Saturday as negotiations regarding his future continued. Ekitike scored 22 goals in 48 appearances across all competitions last season, helping Eintracht secure qualification for the Champions League.