Media
မြန်မာနိုင်ငံ ရှမ်းပြည်နယ် အောင်ပန်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားနေမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
ရှမ်းပြည်တောင်ပိုင်းတွင် ရက်ဆက်မိုးရွာသွန်းနေခြင်းကြောင့် အောင်ပန်း၊ ကလော နှင့် ပင်းတယမြို့ကျေးရွာအချို့တွင် ရေလွှမ်းမိုးခြင်းများ ဖြစ်ပွားနေကာ ကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြကြောင်း သိရသည်။
ရှမ်းပြည်နယ် အောင်ပန်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားနေမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုကို ဇူလိုင် ၂၈ ရက်က ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်တွင် ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် လူလေးဦး သေဆုံးကာ လေးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံရဲအရာရှိတစ်ဦးက ဆင်ဟွာကို ဇူလိုင် ၂၈ ရက်၌ ပြောကြားခဲ့သည်။ ပင်းတယမြို့နယ်၊ ကုန်းစောင်းကျေးရွာတွင် ဇူလိုင် ၂၇ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများအရှိန်ဖြင့် ဆင်းလာပြီး လူနေအိမ်ငါးလုံး ရေထဲမျောပါသွားကြောင်းနှင့် လူရှစ်ဦးမှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
တောင်ကြီးခရိုင်အတွင်းရှိ ပင်လောင်းမြို့တွင် ဇူလိုင်လ (၂၈) ရက်၌ မိုးရေချိန် (၅.၃၅) လက်မ ရွာသွန်းကာ စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇ/လ က အသိပေးထုတ်ပြန်ထားသည်။ ၁၉၇၁ ခုနှစ်က မိုးရေချိန် စံချိန်ဟောင်းမှာ (၃.၉၈) လက်မဖြစ်ခဲ့ပြီး ယခုမိုးရေချိန် စံချိန်သစ်သည် စခန်းဖွင့်ချိန်မှစ၍ လွန်ခဲ့သော နှစ်ပေါင်း (၅၉) နှစ်အတွင်း စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)