Connect with us

Media

ဂါဇာဒေသ အပစ်ရပ်ရေး လိုအပ်သည့်တောင်းဆိုချက်ကို ဟားမက်စ်လည်း လက်ခံရန် ထရမ့် တိုက်တွန်း

ဟူစတန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အစ္စရေးအနေဖြင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် ရက် ၆၀ အပစ်ရပ်ရေး သဘောတူညီချက် ရရှိရန် လိုအပ်သည့်တောင်းဆိုချက်ကို သဘောတူညီပြီးဖြစ်ကြောင်း၊ ဟားမက်စ်အနေဖြင့်လည်း အဆိုပါသဘောတူညီချက်အား လက်ခံရန် တိုက်တွန်းကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့သည် ဇူလိုင် ၁ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ အခြေအနေနှင့်စပ်လျဉ်း၍ အချိန်ကြာမြင့်စွာ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့ကြောင်း၊ အစ္စရေးအနေဖြင့် ရက် ၆၀ အပစ်ရပ်ရေး သဘောတူညီချက်ရရှိရန် လိုအပ်ချက်သည့် တောင်းဆိုချက်ကို သဘောတူညီခဲ့ကြောင်း၊ ကာတာနှင့် အီဂျစ်တို့က အဆိုပါသဘောတူညီချက်၏ နောက်ဆုံးဗားရှင်းကို တင်ပြသွားမည်ဖြစ်ကြောင်း ထရမ့်က လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။

“ဟားမက်စ်က ဒီသဘောတူညီချက်ကို လက်ခံနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အခြေအနေက ကောင်းလာမှာမဟုတ်ဘူး။ ပိုပြီးပဲဆိုးလာမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်သည် ဇူလိုင် ၁ ရက်တွင် အိမ်ဖြူတော်၌ ခရီးစဉ်ရောက်ရှိနေသော အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသ အခြေအနေနှင့် အီရန် နျူကလီးယားအရေးတို့ကို ဆွေးနွေးခဲ့ကြောင်း၊ ယင်းသည် ထရမ့် ယခုနှစ် ဇန်နဝါရီတွင် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် နေတန်ယာဟုက တတိယအကြိမ် အမေရိကန်သို့ ခရီးစဉ် လာရောက်ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက သတင်းဖော်ပြကြသည်။ (Xinhua)

#US #Israel #Gaza #Ceasefire #အမေရိကန် #အစ္စရေး #ဂါဇာ #အပစ်ရပ်ရေး
—————————-
(Chinese Version)
特朗普说以色列接受加沙停火必要条件 呼吁哈马斯也接受
新华社休斯敦7月1日电(记者徐剑梅)美国总统特朗普1日说,以色列已同意与巴勒斯坦伊斯兰抵抗运动(哈马斯)达成60天停火协议的必要条件,并呼吁哈马斯也接受这项协议。
特朗普在社交媒体上发文说,美以当天就加沙地带局势进行长时间会谈,以色列同意达成60天停火协议的必要条件,卡塔尔和埃及将提交协议的最终文本。
特朗普说:“我希望哈马斯能够接受这项协议,因为情况不会好转——只会恶化。”
据美国媒体报道,特朗普将于7日在白宫会见到访的以色列总理内塔尼亚胡,讨论加沙地带局势和伊朗核问题。这将是内塔尼亚胡自特朗普今年1月重返白宫后第三次访问美国。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.