Media
ဒေးဒရဲမြို့နယ် ကံဆိပ်ကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia တက်ရောက်
ဒေးဒရဲ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သော ကံဆိပ်ကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သံအမတ်ကြီး Ms. Ma Jia ၊ မြန်မာနိုင်ငံ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရတာဝန်ရှိသူများနှင့် ကျေးရွာကိုယ်စားလှယ် ၃၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။ (Xinhua)
#လန်ချန်း-မဲခေါင် #ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ #စီမံကိန်း #ဆိုလာအသေးစားဓာတ်အားပေးစနစ် #ကံဆိပ်ကျေးရွာ