Connect with us

Media

ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်‌ထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနား ရှီ တက်ရောက်

လားဆ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လားဆတွင် ကျင်းပသည့် ယင်းဒေသတည်‌ထောင်ခြင်း နှစ် ၆၀ ပြည့်အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ဩဂုတ် ၂၀ ရက်က ညနေပိုင်းက တက်ရောက်ခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက “ဆီးနှင်းများဖုံးလွှမ်းသော ကုန်းပြင်မြင့်ဒေသ၏ ဝမ်းမြောက်ဖွယ်တေးသီချင်းများ” ဟု အမည်ပေးထားသော အဆိုပါ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ကြည့်ရှုရန် ရှီးဇန့်ဒေသရှိ တိုင်းရင်းသားအဖွဲ့အသီးသီးမှ ပြည်သူများနှင့်အတူ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ထို ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို အပိုင်းသုံးပိုင်းဖြင့် ကျင်းပခဲ့သည်။ ပထမအပိုင်းမှာ ဆိုရှယ်လစ် ရှီးဇန့်ဒေသသစ် တည်ဆာက်ရာတွင် အားမာန်ပြည့်ဝသော ကြိုးပမ်းအားထုတ်မှုများ ဖော်ဆောင်ခြင်း ဖြစ်သည်။ ဒုတိယအပိုင်းတွင် ဆီးနှင်းဖုံးလွှမ်းသောကုန်းပြင်မြင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုမှ ဆောင်ကြဉ်းပေးသော စွမ်းပကားကို ဖော်ပြထားပြီး နောက်ဆုံး တတိယအပိုင်းမှာမူ သာယာဝပြော၍ ပျော်ရွှင်ဖွယ် ရှီးဇန့်ဒေသသစ်တစ်ခုအား တင်ဆက်ဖော်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ဝမ်ဟုနင်နှင့် ချိုက်ချီ အပါအဝင် အဆင့်မြင့်ခေါင်းဆောင်များလည်း ကြည့်ရှုခဲ့ကြသည်။
ရှီသည် ဗဟိုကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်လျက် ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်‌ထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနား တက်ရောက်ရန် လားဆမြို့သို့ ဩဂုတ် ၂၀ ရက် အစောပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xi attends gala marking 60th founding anniversary of Xizang Autonomous Region
LHASA, Aug. 20 (Xinhua) — Chinese President Xi Jinping attended a gala marking the 60th founding anniversary of Xizang Autonomous Region in the regional capital Lhasa Wednesday evening.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, joined people of all ethnic groups in Xizang to watch the gala entitled “Joyful Songs of the Snowy Plateau Region.”
The gala is structured in three parts. The first part depicts the vibrant efforts in building a socialist new Xizang. The second part showcases the dynamism brought by reform and opening up to the snowy plateau while the final part presents a prosperous and happy new Xizang.
Senior leaders including Wang Huning and Cai Qi also watched the gala.
Xi led a central delegation to arrive in Lhasa earlier Wednesday for the anniversary celebration activities.