Connect with us

Media

【မြန်မာ- တရုတ် ပူးပေါင်းဆက်ဆံရေးအသင်း တည်ထောင်ခြင်း (၁၀) နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Cao Jing တက်ရောက်】

စက်တင်ဘာ ၁၄ ရက်က မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်း တည်ထောင်ခြင်း (၁၀) နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားသို့ သံရုံးယာယီတာဝန်ခံ Ms. Cao Jing တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အသင်း၏ Senior president Mr.Li Bo Bo တို့ တက်ရောက်ခဲ့ကြသည်။
သံရုံးယာယီတာဝန်ခံ Ms. Cao Jing က အသင်းတည်ထောင်ခြင်း (၁၀) နှစ်ပြည့်ကိုဂုဏ်ပြုခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူ့ဆက်ဆံရေး မြှင့်တင်ရာတွင် အသင်း၏ ပံ့ပိုးကူညီမှုများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်ကို သော့ချက်အဖြစ် နှစ်နိုင်ငံ ပြည်သူချင်း ဆက်သွယ် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ပြီး တရုတ် မြန်မာနှစ်နိုင်ငံအေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာစေရန် အသင်းနှင့် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များအား တိုက်တွန်းအပ်ပါကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနှင့် တရုတ်နှစ်နိုင်ငံသည် အပြန်အလှန် လေးစားမှုနှင့် ယုံကြည်မှုကို အခြေခံ၍ နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ထူထောင်ခဲ့ကြကြောင်း၊ အသင်းမှ နှစ်နိုင်ငံပြည်သူကြား အပြန်အလှန်ကူးလူးဖလှယ်မှုကို ဆက်လက်မြှင့်တင်ရန် ပံ့ပိုးကူညီမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Mr.Li Bo Bo က အသင်း၏ လုပ်ငန်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ပြီး အသင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်သူနှင့် ထိန်းသိမ်းသူအဖြစ် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.