Media
လအပြည့်ကြတ်ခြင်း ကောင်းကင်ယံတွင် ပေါ်ထွန်း
ယူနန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
စက်တင်ဘာလ ၇ ရက် ညသန်းခေါင်ယံအချိန်မှ စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းအထိ ခမ်းနားလှသော လကြတ်ခြင်း ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။ လသည် ကမ္ဘာ၏ အရိပ်ထဲသို့ အပြည့်အဝ ဝင်ရောက်သွားစဉ်တွင် နီညိုရောင်ရင့်ရင့် ပေါ်ထွက်လာပေသည်။
နေရောင်ခြည်သည် ကမ္ဘာပေါ်သို့ ကျရောက်စဉ် ကမ္ဘာ၏ ကျောဘက်တွင် ကမ္ဘာ့ အရိပ်တစ်ခု ဖြစ်ပေါ်စေသည်။ အကယ်၍ လကမ္ဘာ လည်ပတ်ရာတွင် တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးသည် ကမ္ဘာ့ အရိပ်ထဲသို့ ဝင်ရောက်သွားပါက လကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်လာကြောင်း၊ လကြတ်ခြင်းကို လတစ်ဝက်ကြတ်ခြင်း၊ တစ်စိတ်တစ်ပိုင်း လကြတ်ခြင်းနှင့် လအပြည့်ကြတ်ခြင်း ဟူ၍ သုံးမျိုးခွဲခြားထားကြောင်း၊ ၎င်းတို့အနက် လအပြည့်ကြတ်ခြင်းသည် ကြည့်၍အကောင်းဆုံးဖြစ်ပြီး၊ ယေဘုယျအားဖြင့် “လဝန်းနီ” ဟု ခေါ်ဝေါ်လေ့ရှိကြကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
月全食现身天际
【解说】9月7日午夜至8日凌晨,一场壮观的月全食在天宇上演,当月球完全进入地球阴影时,呈现出深邃的暗红色。
据了解,当太阳光照射在地球上时,在地球的背面会拖出一个地球阴影,如果月球运行时部分或全部进入地球阴影,就会发生月食天象。月食分为半影月食、月偏食和月全食三种,其中月全食最为好看,俗称“红月亮”。
作者:孙敏、朱边勇云南报道。(完)