Connect with us

Media

(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် မြန်မာအားကစားများ အပြင်းအထန်လေ့ကျင့်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၁၁ နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ သိရသည်။ ပြိုင်ပွဲယှဉ်ပြိုင်ရန် မထွက်ခွာမီ အပြီးသတ်ပြင်ဆင်လေ့ကျင့်မှုများကို ရန်ကုန်မြို့၌
ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်၊ ဘောလုံး၊ သေနတ်ပစ်၊ ရေကူး၊ အလေးမ၊ ထိုင်လျက်ဘော်လီဘော၊ စစ်တုရင်၊ ဘိုးလင်း၊ ဂိုးလ်ဘော၊ စားပွဲတင် တင်းနစ်နှင့် ဘိုချီရာ စသည့် အားကစားနည်း ၁၁ နည်းတွင် ကစားသမား ၉၇ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည််််။
မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်အနေဖြင့် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေ ၁၅ ခု အပါအဝင် ဆုတံဆိပ် ၅၆ ခုရရှိခဲ့‌ကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.