Connect with us

Media

တရုတ်နိုင်ငံ ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း အထူးအကောက်ခွန်လုပ်ငန်းလုပ်ဆောင်မှု “တစ်လပြည့်” ပြီဖြစ်

ဟိုင်ခို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း အထူးအကောက်ခွန်လုပ်ငန်းလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၈ ရက်တွင် “တစ်လပြည့်” ခဲ့ပြီဖြစ်သည်။ အထူးအကောက်ခွန်လုပ်ငန်းလုပ်ဆောင်မှု လည်ပတ်သည့်အချိန်မှစ၍ ဟိုင်နန် မူဝါဒအကျိုးသက်ရောက်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်ခဲ့ရာ ပြည်ဝင်ပြည်ထွက် လူပုဂ္ဂိုလ်များ ကူးလူးသွားလာမှုမှာ တက်ကြွ၍ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကောင်းမွန်လျက်ရှိသည်။

အထူးအကောက်ခွန်လုပ်ငန်းလုပ်ဆောင်သည့် ပထမလအတွင်း နယ်စပ်စစ်ဆေးရေးအာဏာပိုင်များသည် ပြည်ဝင်ပြည်ထွက် ခရီးသွားဧည့်သည် အကြိမ်ရေ ၃၁၀,၀၀၀ ကျော်နှင့် ပြည်ဝင်ပြည်ထွက် သယ်ယူပို့ဆောင်ရေးယာဉ် (သင်္ဘော) အကြိမ်ရေ ၂,၅၀၀ ကျော်ကို စစ်ဆေးခဲ့ကြောင်း ဟိုင်ခိုပြည်ဝင်ပြည်ထွက်နယ်စပ်စစ်ဆေးရေးဂိတ်ရင်း၏ စာရင်းအင်းများအရ သိရသည်။ ယင်းအနက် ပြည်ဝင်ပြည်ထွက် နိုင်ငံခြားခရီးသွားဧည့်သည် အကြိမ်ရေ ၁၈၆,၀၀၀ ရှိရာ ကာလတူ ပြည်ဝင်ပြည်ထွက် လူဦးရေစုစုပေါင်း၏ ၅၉ ရာခိုင်နှုန်းရှိကြောင်း၊ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်လာသော နိုင်ငံခြားခရီးသွားဧည့်သည် အကြိမ်ရေ ၈၇,၀၀၀ ရှိပြီး ကာလတူ ပြည်ဝင် နိုင်ငံခြားခရီးသွားဧည့်သည်စုစုပေါင်း၏ ၉၃ ရာခိုင်နှုန်းရှိရာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ခြင်းသည် နိုင်ငံခြားခရီးသွားဧည့်သည်များ ဟိုင်နန်သို့ လာရောက်သော အဓိကလမ်းကြောင်း ဖြစ်လာခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
海南自贸港封关“满月” 出入境客流增长显著
新华社照片,海口,2026年1月18日
1月18日,海南自贸港封关“满月”。封关运作以来,海南政策效应持续释放,出入境人员往来活跃,发展态势良好。据海口出入境边防检查总站统计,封关首月边检机关共检查出入境人员超31万人次,检查出入境交通工具2500余架(艘)次。其中,查验出入境外国人18.6万人次,占同期出入境人员总数的59%;免签入境海南的外国旅客8.7万人次,占同期入境外国旅客总数的93%,免签已成为外国旅客来琼的主要入境方式。