Connect with us

Media

စစ်ဝါဒ မကောင်းသောလမ်းဟောင်းသို့ ဂျပန် ပြန်သွားခြင်းကို တားဆီးရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တရုတ်နိုင်ငံ တိုက်တွန်း

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တိုကျိုရုံးတင်စီရင်မှု (Tokyo Trial) အပါအဝင် ဒုတိယကမ္ဘာစစ်ကာလအတွင်း အောင်မြင်ခြင်းရလဒ်များကို ပူးတွဲကာကွယ်ရန်နှင့် စစ်ဝါဒ မကောင်းသောလမ်းဟောင်းသို့ ဂျပန်နိုင်ငံ ပြန်သွားခြင်းကို တားဆီးရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ စွန်းလေက ဇန်နဝါရီ ၁၉ ရက်တွင် ကုလသမဂ္ဂ၌ ကျင်းပသည့် လူသားမျိုးနွယ်အပေါ် အန္တရာယ်ရှိသည့် ပြစ်မှုများ ကျူးလွန်ခြင်း ကာကွယ်တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ အထူးကိုယ်စားလှယ် ညီလာခံ ဖြစ်မြောက်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။
ထိုသို့ ပါဝင်ဆွေးနွေးရာတွင် စွန်းလေက လူသားမျိုးနွယ်အပေါ် အန္တရာယ်ရှိသည့် အပြစ်များ ကျူးလွန်ခြင်းသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ခြိမ်းခြောက်သော ပြင်းထန်သည့် ပြစ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤပြစ်မှုကို နုရင်ဘတ်အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးနှင့် အရှေ့ဖျား အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးတို့၏ ပဋိညာဉ်စာတမ်းများတွင် ပထမဆုံး မြင်တွေ့ခဲ့ရပြီး လူသားအသိစိတ်၊ ကျင့်ဝတ်ကို ထင်ဟပ်စေခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်စစ်ဝါဒသည် တရုတ်၊ အာရှနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအား နက်ရှိုင်းသော ဘေးဒုက္ခများကို ယူဆောင်လာခဲ့ကြောင်း၊ ယခုနှစ်သည် အရှေ့ဖျား အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံး ဖွင့်လှစ်ခြင်း နှစ် ၈၀ ပြည့်နှစ် ဖြစ်ရာ ခုံရုံးသည် စနစ်တကျ စစ်ဆေးစီရင်ခဲ့ပြီး ဂျပန်စစ်ဝါဒီ၏ တရုတ်စသည့် အာရှနိုင်ငံများကို ကျူးကျော်သိမ်းပိုက်ခြင်းနှင့် ပစိဖိတ်သမုဒ္ဒရာစစ်ပွဲကို စတင်ခြင်း ပြစ်မှုများကို ဖော်ထုတ်ခဲ့သလို သက်ဆိုင်ရာ စစ်ရာဇဝတ်သားများကို ငြိမ်းချမ်းရေးကို ဖျက်ဆီးသော ပြစ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် အန္တရာယ်ရှိသည့် ပြစ်မှုများ ကျူးလွန်ခြင်းများအတွက် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Tokyo Trial သည် ဂျပန်နိုင်ငံ၏ ကျူးကျော်မှုဆိုင်ရာ ရာဇဝတ်မှုများအတွက် သံမဏိပမာ သမိုင်းဝင်အထောက်အထားများ၊ နိုင်ငံတကာ ရာဇဝတ်မှုဥပဒေ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဥပဒေဆိုင်ရာ ရှေ့ပြေးနမူနာ၊ ဂျပန်၏ နယ်ချဲ့မူဝါဒများကို ပြုပြင်ပေးသော ငြိမ်းချမ်းရေး သတိပေးချက် ဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် Tokyo Trial အပါအဝင် ဒုတိယကမ္ဘာစစ်အတွင်း အောင်မြင်ခြင်းရလဒ်များကို ပူးတွဲကာကွယ်သင့်ပြီး စစ်ဝါဒမကောင်းသောလမ်းဟောင်းသို့ ဂျပန်နိုင်ငံ ပြန်သွားခြင်းကို တားဆီးသင့်ကြောင်း၊ လက်ရှိ နိုင်ငံတကာအခြေအနေ ရှုပ်ထွေးရောယှက်နေပြီး ဒေသတွင်းပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် နောက်ခံအခြေအနေတွင် လူသားများအား အန္တရာယ်ဖြစ်စေသည့် ပြစ်မှုများ ကျူးလွန်ခြင်းကို ကြိုတင်ကာကွယ်ရန်နှင့် ပြင်းပြင်းထန်ထန်အပြစ်ပေးရန် အချိန်အခါဖြစ်ပြီး အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………
(Chinese Version)
中方敦促国际社会防止日本再走军国主义老路邪路
新华社联合国1月19日电 中国常驻联合国代表团临时代办孙磊19日在联合国防止及惩治危害人类罪问题全权代表会议筹备委员会第一届会议上发言,敦促国际社会共同捍卫包括东京审判在内的二战胜利成果,防止日本再走军国主义的老路和邪路。
孙磊说,危害人类罪是威胁国际和平与安全的严重罪行。这一罪名最早出现在纽伦堡国际军事法庭和远东国际军事法庭的宪章中,体现了人类良知。二战期间,日本军国主义给中国、亚洲和世界人民带来了深重灾难。今年是远东国际军事法庭开庭80周年,法庭系统审判和揭露了日本军国主义侵略中国等亚洲国家以及发动太平洋战争的罪行,对相关战犯判处破坏和平罪、战争罪和危害人类罪。
孙磊表示,东京审判是日本侵略罪行的历史铁证,是国际刑法发展的法律先河,是匡正日本扩张政策的和平警钟。国际社会应共同捍卫包括东京审判在内的二战胜利成果,维护以国际法为基础的国际秩序,防止日本再走军国主义的老路和邪路。在当前国际形势变乱交织、地区冲突此起彼伏背景下,加强预防和惩治危害人类罪正当其时、意义重大。(完)