Media
မြန်မာ့စက္ကူလက်မှုအနုပညာ ဆက်လက်ရှင်သန်နိုင်ရေး ကြိုးစားရုန်းကန်နေရ
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ “လမင်းအိမ်”အမည်ရှိသည့် စက္ကူလက်မှုအနုပညာလုပ်ငန်းသည် စက္ကူဖြင့်သာ အပြည့်အဝ ပုံဖော်ထားသည့် တိရစ္ဆာန်အရုပ်များကို ဖန်တီးထုတ်လုပ်လျက်ရှိသည်။ လုပ်သားအင်အား ၂၀ ခန့်ဖြင့် အလုပ်လုပ်ကိုင်နေသည့် အဆိုပါ လုပ်ငန်းကို အသက် ၅၂ နှစ်အရွယ် ဦးညီညီအောင်က လွန်ခဲ့သော ၁၅ နှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းက သားဖြစ်သူ သုံးနှစ်အရွယ်ကတည်းက လက်ဖြင့်ဖန်တီးပြုလုပ်တဲ့ တိရစ္ဆာန်စက္ကူအရုပ်များ စတင်ဖန်တီးခဲ့ခြင်းဖြစ်သည်။ ၎င်း၏သားငယ်အတွက် ရိုးရှင်းသော အရုပ်များအဖြစ် စတင်ပုံဖော်ခဲ့ရာမှ တဖြည်းဖြည်း တစ်သက်တာလုံး ဝါသနာပါလာခဲ့ခြင်းဖြစ်သည်။ အစောပိုင်းနှစ်များတွင် အခက်အခဲများစွာရှိခဲ့ကြောင်း သိရသည်။ ဦးညီညီအောင်သည် ရွှေတိဂုံဘုရားအနီးတစ်ဝိုက်တွင် စက္ကူအရုပ်များရောင်းချခဲ့ရာ နိုင်ငံခြားသားဧည့်သည်များက စိတ်ဝင်စားကြသော်လည်း အရွယ်အစားကြီးမားသည့်ဒီဇိုင်းများကိုမူ သယ်ဆောင်ရန် ခက်ခဲခဲ့သည်။ ထို့နောက် ခရီးသွားဧည့်သည်များအတွက် အလွယ်တကူ သယ်ဆောင်နိုင်ရန် သေးငယ်ပေါ့ပါးသည့် အရုပ်များကို စတင်ဖန်တီးခဲ့သည်။ ယခုတွင်မူ ၎င်းကိုယ်တိုင်လက်ဖြင့်ဖန်တီးထားသည့် စက္ကူတိရစ္ဆာန်အရုပ်များကို မြန်မာနိုင်ငံအနှံ့ရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးနေပြီဖြစ်သည်။ မြန်မာ့စက္ကူလက်မှုအနုပညာသည် နိုင်ငံရပ်ခြားတွင် တိတ်တဆိတ်အသိအမှတ်ပြုခံလာရသော်လည်း ပြည်တွင်း၌မူ ၎င်း၏အနာဂတ်သည် မျိုးဆက်သစ်များက အမြတ်အစွန်းထက် စိတ်ပါဝင်စားမှုကို ရွေးချယ်ပြီး စိတ်နှလုံးအပြည့်ဖြင့် ဤလက်မှုအတတ်ကို ဆက်လက်ရှင်သန်စေမည်လားဆိုသည့်အပေါ် မူတည်နေသည်ဟု ဦးညီညီအောင်က ပြောကြားသည်။ (Xinhua)
