Connect with us

Media

ဗင်နီဇွဲလားက အမေရိကန်ထံ “ပိတ်ဆို့ခံထားရသော အရည်အသွေးမြင့် ရေနံ” စည်ပေါင်း သန်း ၃၀ မှ သန်း ၅၀ အထိ လွှဲပြောင်းပေးမည်ဟု ထရမ့် ဆို

ဝါရှင်တန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားက အမေရိကန်ထံ “ပိတ်ဆို့ခံထားရသော အရည်အသွေးမြင့် ရေနံ” စည်ပေါင်း သန်း ၃၀ မှ သန်း ၅၀ အထိ လွှဲပြောင်းပေးမည်ဟု အမေရိကန်သမ္မတ ထရမ့်က ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က လူမှုမီဒီယာတွင် ဤတစ်သုတ် ရေနံများကို ဈေးကွက်ရောင်းဈေးအတိုင်း ရောင်းချမည်ဖြစ်ပြီး ရရှိငွေများကို ၎င်း “ကိုယ်တိုင် စီမံကြီးကြပ်” မည်ဟု ရေးသားဖော်ပြခဲ့သည်။
ဤအစီအစဉ်ကို ချက်ချင်းလုပ်ဆောင်ရန် အမေရိကန် စွမ်းအင်ဝန်ကြီး Chris Wright အား တာဝန်ပေးခဲ့ပြီးဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ ရေနံများကို ရေနံတင်သင်္ဘောဖြင့် လက်ခံမည်ဖြစ်ပြီး အမေရိကန်ကုန်ချဆိပ်ကမ်းသို့ တိုက်ရိုက်ပို့ဆောင်မည်ဖြစ်သည်။
လက်ရှိတွင် ဗင်နီဇွဲလားဘက်က ယင်းနှင့်ပတ်သက်၍ တုံ့ပြန်မှုများ မရှိသေးပေ။ (Xinhua)
………………..
(Chinese Version)
特朗普称委内瑞拉将向美国移交3000万至5000万桶石油
新华社华盛顿1月6日电 美国总统特朗普6日称,委内瑞拉将向美国移交3000万至5000万桶“受制裁的高品质石油”。
特朗普在社交媒体上写道,这批石油将按市场价出售,所得资金将由他“亲自监管”。
特朗普称,已要求能源部长克里斯·赖特立即执行该计划。石油将由油轮接收,并直接运往美国卸货码头。
目前委内瑞拉方面尚未就此作出回应。(完)