Connect with us

Media

လေယာဉ်တင်သင်္ဘောကို နစ်မြုပ်အောင်ပစ်ခတ်နိုင်သော လက်နက်က ပိုအန္တရာယ်များသည်ဟု ခါမေနီက ထရမ့်အား သတိပေး

တီဟီရန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ အစိုးရကို ဖြုတ်ချနိုင်မည်မဟုတ်ဟု အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီက ဖေဖော်ဝါရီ ၁၇ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ပြောကြားခဲ့ကြောင်း အီရန်အစိုးရသတင်းဌာန (IRNA) ၏ သတင်းဖော်ပြချက်အရ သိရသည်။

အမေရိကန်သည် ၄၇ နှစ်တာ ကာလတစ်လျှောက်လုံး အီရန်အစိုးရကို ဖြုတ်ချရန် မအောင်မြင်ခဲ့ခြင်းအပေါ် ထရမ့်က လတ်တလောတွင် ညည်းညူပြောဆိုခဲ့ကြောင်း၊ ယင်းမှာ “ညည်းညူခြင်း” ဖြစ်သလို လက်တွေ့အခြေအနေကို “အသိအမှတ်ပြုခြင်း” လည်းဖြစ်ကြောင်း ခါမေနီက အရှေ့အဇာဘိုင်ဂျန်ပြည်နယ်ရှိ ပြည်သူများနှင့် ထိုနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ယင်းစပ်လျဉ်း၍ ၎င်းက ထရမ့်အား “ခင်ဗျားလည်း ဒါကိုလုပ်နိုင်မှာမဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

ထရမ့်က အမေရိကန်သည် ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်ပိုင်ဆိုင်ထားကြောင်း အကြိမ်ကြိမ် ဆိုခဲ့သော်လည်း “ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်ဟာ တစ်ခါတစ်ရံမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာခံရပြီး ပြန်လည် နာလန်မထူနိုင်လောက်အောင် ဖြစ်တတ်တယ်” ဟု ခါမေနီက ပြောကြားခဲ့သည်။
အီရန် အနီးဝန်းကျင်သို့ လေယာဉ်တင်သင်္ဘောများ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘက်က အဆက်မပြတ် ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ “လေယာဉ်တင်သင်္ဘောက အန္တရာယ်များတဲ့ ပစ္စည်းဖြစ်တယ်ဆိုတာ ဟုတ်ပေမဲ့ လေယာဉ်တင်သင်္ဘောထက်ပိုအန္တရာယ်များတာက သူ့ကို ပင်လယ်ကြမ်းပြင်ဆီ ပို့ပေးနိုင်တဲ့ လက်နက်ဖြစ်တယ်” ဟု ၎င်းက ထောက်ပြခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)
哈梅内伊喊话特朗普:比航母更危险的,是能够将其击沉的武器
新华社德黑兰2月17日电(记者陈霄 沙达提)据伊朗伊斯兰共和国通讯社报道,伊朗最高领袖哈梅内伊17日喊话美国总统特朗普说,美国无法推翻伊朗伊斯兰共和国政权。
哈梅内伊当天在接见东阿塞拜疆省民众时表示,特朗普近期抱怨美国47年来未能推翻伊朗政权,这既是“抱怨”也是对现实的“承认”。他就此喊话特朗普:“你同样做不到这一点。”
哈梅内伊表示,特朗普不断声称美国拥有世界上最强大的军队,但“世界最强大的军队有时也可能遭受沉重打击,以至无法重新站起”。
他指出,美方不断宣称向伊朗附近派遣航母,“航母当然是一种危险的装备,但比航母更危险的,是能够把它送入海底的武器”。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.