Media
ဒုတိယအကြိမ် အီရန်-အမေရိကန် ဆွေးနွေးပွဲက “ကောင်းမွန်သော” အခြေအနေရှိဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြော
တီဟီရန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
ဂျီနီဗာမြို့တွင် အီရန်နိုင်ငံနှင့် အမေရိကန်နိုင်ငံကြား ဒုတိယအကြိမ် တစ်ဆင့်ခံဆွေးနွေးပွဲမှာ ယခင် အိုမန်နိုင်ငံ၌ ကျင်းပခဲ့သော ဆွေးနွေးပွဲနှင့် နှိုင်းယှဉ်ပါက “ပိုမိုကောင်းမွန်သော” အခြေအနေအောက်၌ ကျင်းပနိုင်ခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi က ဖေဖော်ဝါရီ ၁၇ ရက်၌ ပြောကြားခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အိုမန်သံရုံးတွင် အီရန်နှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များအကြား အိုမန်ကြားဝင်စေ့စပ်မှုဖြင့် နျူကလီးယားဆွေးနွေးညှိနှိုင်းပွဲ ပြီးဆုံးပြီးနောက် နိုင်ငံပိုင် IRIB TV နှင့် အင်တာဗျူးတွင် Araghchi က ထိုကဲ့သို့မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
“အကြံဉာဏ်အမျိုးမျိုးကို အဆိုပြုခဲ့သလို အလေးအနက်ထားဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ရှေ့ဆက်နိုင်ပြီးတော့ စာသားအနေနဲ့ အလားအလာရှိတဲ့ သဘောတူညီချက် ရရှိဖို့ အခြေခံထားတဲ့ လမ်းညွှန်မူအများအပြားဆိုင်ရာ အထွေထွေသဘောတူညီချက် ရရှိဖို့ စီစဉ်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
“ဒါဟာ သဘောတူညီချက်အဖြစ် အလျင်အမြန် ပြောင်းလဲလို့ရနိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူးနော်။ အနည်းဆုံးတော့ အစပြုဖို့ လမ်းကြောင်းလေးပေါ့။ ဒီအလုပ်ကို ဖြစ်နိုင်သမျှ မြန်မြန်ပြီးမြောက်ဖို့ မျှော်လင့်သလို အချိန်လုံလုံလောက်လောက် သတ်မှတ်လုပ်ကိုင်ဖို့ အသင့်ရှိပါတယ်” ဟု Araghchi က ဆိုသည်။
နောက်ထပ်ဆွေးနွေးပွဲကျင်းပမည့်အချိန်ကို သတ်မှတ်ထားခြင်းမရှိသေးကြောင်း၊ နှစ်နိုင်ငံအနေဖြင့် သဘောတူညီချက်ဖြစ်နိုင်ခြေ စာသားမူကြမ်း လုပ်ဆောင်ရန်၊ အချင်းချင်း ကူးလူးဖလှယ်မှုနှင့် နောက်ထပ်ဆွေးနွေးပွဲအတွက် စီစဉ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/bakt
……………………..
(English Version)
2nd round of Iran-U.S. talks held in “constructive” atmosphere, new talks to be scheduled: Iran’s FM
TEHRAN, Feb. 17 (Xinhua) — Iranian Foreign Minister Seyed Abbas Araghchi said on Tuesday the second round of indirect talks between Iran and the United States was held in a more “constructive” atmosphere in Geneva compared to the previous round in Oman.
Araghchi made the remarks in an interview with state-run IRIB TV following the conclusion of the Oman-mediated nuclear negotiations between delegations of Iran and the United States at Oman’s embassy in the Swiss city.
“Different ideas were proposed and seriously discussed, and, eventually, we managed to reach a general agreement on a series of guiding principles, based on which we will henceforth move on and enter the text of a possible agreement,” he said.
