Connect with us

Media

ပြိုင်ပွဲဝင် အားကစားသမား ၇,၀၀၀ ကျော် ပါဝင်သည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ငါးနှစ်ကြာ ရပ်နားထားခဲ့ရပြီးနောက် ၂၀၂၆ ခုနှစ် ရိုးမ – ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ပြန်လည်ကျင်းပခဲ့ကြောင်း သိရသည်။ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲအား ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ၉ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ အပြေးအားကစားအား ပြည်သူများ ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း/ပြည်ပမှ စိတ်ဝင်စားမှုရရှိရန်နှင့် အဖွဲ့အစည်းများအား ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ (၂၁ ကီလို)၊ (၁၀ ကီလို)နှင့် (၅ ကီလို) ပြိုင်ပွဲများအား နံနက် ၅ နာရီအချိန်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)