Media
Tilt-shift မြင်ကွင်းအောက်က “ရေပူစမ်းမြို့” ၏ ဒဏ္ဍာရီပမာ မြင်ကွင်းများ
ယူနန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
နွေဦးရာသီအစောပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ အယ်ယွမ်ခရိုင်ရှိ သဘာဝရေပူစမ်းများတွင် ရေနွေးငွေ့များ ပျံတက်နေပြီး စမ်းရေများ သက်ဝင်လှုပ်ရှားစီးဆင်းလျက်ရှိသည်။ ရေငွေ့မြူမှုန်များသည် စိမ်းပြာရောင်အုတ်ကြွပ်အမိုးနှင့် အဖြူရောင်နံရံများအကြား ပျံ့လွင့်နေသည့်ရှုမြင်ကွင်းမှာ နွေးထွေးနူးညံ့သိမ်မွေ့သည့် အိပ်မက်သဖွယ် လှပနေပေသည်။
Tilt-shift မြင်ကွင်းအောက်တွင် ခရီးသွားဧည့်သည်များ ပြင်ပရေပူစမ်းရေကန်များအတွင်း သွားလာခြင်း၊ ၎င်းတို့ ပုံရိပ်များ ရွေ့လျားနေခြင်းသည် မိမိကိုယ်တိုင် ဒဏ္ဍာရီပုံပြင်လောကထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။ (Xinhua)
……………………
(Chinese Version)
移轴之下 “温泉之乡”恍若童话
初春,云南省大理白族自治州洱源县天然温泉热气蒸腾,泉水涌动,水雾漫过青瓦白墙,景色温润如梦。移轴镜头下,露天温泉池中游客往来,人影浮动,恍若置身童话之境。
记者:何春好
摄制:罗新才
画面来源:云南省洱源县融媒体中心
新华社音视频部制作
Continue Reading
