Connect with us

Media

အမေရိကန် သမ္မတ ထရမ့်က နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှုအတွင်း အီရန်အား ခြိမ်းခြောက်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၂၄ ရက်တွင် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာ၌ အီရန်ကို ခြိမ်းခြောက်ခဲ့ပြီး အီရန် နျူကလီးယားလက်နက် ပိုင်ဆိုင်သည်ကို အမေရိကန်က မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အခု သူတို့ (အီရန်) နဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ်။ သူတို့က သဘောတူညီချက်ရချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဓိကစကားဖြစ်တဲ့ ‘ကျွန်တော်တို့ ဘယ်သောအခါမှ နျူကလီးယားလက်နက် ပိုင်ဆိုင်မှာ မဟုတ်ပါဘူး’ ဆိုတာကို မကြားရပါဘူး” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် အီရန်နျူကလီးယားအရေးကို သံတမန်နည်းလမ်းမှတစ်ဆင့် ဖြေရှင်းရန် အားသာကြောင်း၊ “ဘယ်သူမဆို အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို သံသယမဝင်သင့်ပါဘူး။ ကျွန်တော်တို့က တစ်ကမ္ဘာလုံးမှာ အင်အားအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပါတယ်” ဟု ပြောကြားခဲ့သည်။
အီရန်ပဲ့ထိန်းဒုံးကျည်နှင့်စပ်လျဉ်း၍ ထရမ့်က “သူတို့ (အီရန်) က ဥရောပနဲ့ ကျွန်တော်တို့ရဲ့ ပြည်ပအခြေစိုက်စခန်းတွေကို ခြိမ်းခြောက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို သုတေသနထုတ်လုပ်ပြီးဖြစ်သလို အမေရိကန်ဆီ အမြန်ဆုံး တိုက်ခိုက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကိုလည်း သုတေသနပြုလုပ်နေပါတယ်” ဟု ဆိုသည်။
ထိုနေ့ညနေပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဥက္ကဋ္ဌ John Ratcliffe တို့သည် အမေရိကန် အောက်လွှတ်တော်၊ အထက်လွှတ်တော်မှ အကြီးအကဲများနှင့် လွှတ်တော်နှစ်ရပ် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ အကြီးတန်းအဖွဲ့ဝင်တို့ထံသို့ ထရမ့်အစိုးရ၏ အီရန်အစီအစဉ်နှင့်စပ်လျဉ်း၍ လျှို့ဝှက်အကျဉ်းချုံး ရှင်းလင်းတင်ပြမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————-
(Chinese Version)
特朗普在国情咨文演讲中威胁伊朗
新华社华盛顿2月24日电 美国总统特朗普24日在国会发表国情咨文演讲时威胁伊朗,称美国永远不会允许伊朗拥有核武器。
特朗普说:“我们正在与他们(伊朗)谈判。他们想达成协议,但我们没有听到那句关键的话:‘我们永远不会拥有核武器’。”
特朗普称,他倾向于通过外交途径解决伊朗核问题,并表示“任何人都不应该怀疑美国的决心。我们拥有地球上最强大的军队”。
谈到伊朗导弹,特朗普称:“他们(伊朗)已经研制出能够威胁欧洲和我们海外基地的导弹,并且正在研制很快能打到美国的导弹。”
当天下午,美国国务卿鲁比奥和中央情报局局长拉特克利夫向国会众议院、参议院的领导人以及两院情报委员会主席和首席成员就特朗普政府的伊朗计划进行了机密简报。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.