Media
ကမ္ဘာ့ရွှေနှင့်ငွေဈေးနှုန်းများ ထပ်မံကျဆင်း
ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
ကမ္ဘာ့ရွှေနှင့်ငွေဈေးနှုန်းများသည် ဖေဖော်ဝါရီ ၂ ရက်တွင် များစွာ ကျဆင်းခဲ့ရာ ၎င်းတို့အနက် Gold Futures ဈေးနှုန်းသည် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၅၀၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့သည်။
နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ Gold Futures ဈေးနှုန်းသည် ယင်းနေ့တွင် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၄၂၉.၂ အထိ ကျဆင်းခဲ့သလို Silver Futures ဈေးနှုန်းသည်လည်း အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၇၂.၃၅ အထိ ကျဆင်းခဲ့သည်။
ကမ္ဘာ့ရွှေနှင့်ငွေဈေးနှုန်းများသည် မကြာသေးမီက သမိုင်းစံချိန်သစ်တင်ပြီးနောက် ဈေးနှုန်းအတက်အကျကြမ်းခဲ့သည်။ ဇန်နဝါရီ ၂၉ ရက်တွင် သမိုင်းတစ်လျှောက်အမြင့်ဆုံးစံချိန်တင်ခဲ့ခြင်းနှင့်နှိုင်းယှဉ်ပါက ဖေဖော်ဝါရီ ၂ ရက် ငွေဈေးနှုန်း (Silver Prices) ၏ အရောင်းအဝယ်အနိမ့်ဆုံးအမှတ်မှာ စုစုပေါင်း ၄၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီဖြစ်သလို ရွှေဈေးနှုန်း (Gold Prices) ၏ ကျဆင်းမှုအနေဖြင့် ၂၀ ရာခိုင်နှုန်းခန့် ရှိပြီ ဖြစ်သည်။ (Xinhua)
——————-
(Chinese Version)
国际贵金属价格再跳水 银价3天累计跌幅达40%
新华社北京2月2日电 国际黄金和白银价格2日大幅下跌,其中黄金期货价格一度回落至每盎司4500美元下方。
纽约商品交易所黄金期货价格当天一度跌至每盎司4429.2美元,白银期货价格一度跌至每盎司72.35美元。
国际黄金和白银价格近期刷新历史高点后出现剧烈波动。与1月29日创下的历史最高点相比,2日白银价格盘中低点的累计跌幅已达40%,金价累计跌幅约20%。(完)
