Media
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူး၍ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပ
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဖေဖော်ဝါရီ ၅ရက်နှင့် ၆ရက်တို့တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ ဝန်ကြီးချုပ် ဦးညိုစောတို့ အပါအဝင် ဧည့်ပရိသတ် ၂,၀၀၀ ကျော် တက်ရောက်ခဲ့သည်။ ပွဲတော်တွင် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် တရုတ်ရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ ပွဲတော်ကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန၊ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတို့ ပံ့ပိုးကူညီကာ ပူးပေါင်းပါဝင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ( Xinhua)
