Connect with us

Media

ယူနန်ပြည်နယ် လူတျန့်ခရိုင်တွင် တလိပ်လိပ်တက်လာသော တိမ်ပင်လယ်မြင်ကွင်းက ရေဆေးမင်ပန်းချီကားပမာ လှပနေ

ယူနန်၊ မတ် ၁ ရက် (ဆင်ဟွာ)
မကြာသေးမီရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျောင်းထုန်းမြို့ လူတျန့်ခရိုင်တွင် ဓာတ်ပုံဝါသနာရှင်တစ်ဦးက အံ့မခန်းလှပသော တိမ်ပင်လယ်မြင်ကွင်းကို မှတ်တမ်းတင်ခဲ့သည်။ တိမ်နှင့် မြူများသည် ဝူမုန်တောင်တန်းများအကြား ဖြည်းဖြည်းချင်း ပျံ့လွင့်ကာ ခရိုင်မြို့၊ တောင်တန်းများနှင့် ကျေးရွာစုများကို နူးညံ့စွာ ဝန်းရံထွေးပွေ့ထားရာ သက်ဝင်လှုပ်ရှား၍ သိမ်မွေ့လှပသော သဘာဝအလှ ပန်းချီကားတစ်ချပ်ကို ပုံဖော်ရေးဆွဲခဲ့သည်။ (Xinhua)
……………………………..
云南鲁甸:云海翻涌宛若水墨长卷
【解说】近日,云南省昭通市鲁甸县摄影爱好者记录下壮美云海景观。云雾在乌蒙山间漫涌,将县城、山峦与村落轻轻环抱,勾勒出一幅灵动秀美的生态画卷。