Connect with us

Media

ဟောမုဇ်ရေလက်ကြားတွင် ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရ၊ သင်္ဘောသား ၂၀ ကို ကယ်ဆယ်နိုင်ခဲ့

ဘန်ကောက်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
ဟောမုဇ်ရေလက်ကြားတွင် ခုတ်မောင်းနေသော ထိုင်းကုန်တင်သင်္ဘောတစ်စင်း မတ် ၁၁ ရက်က တိုက်ခိုက်ခံခဲ့ရပြီးနောက် သင်္ဘောသား ၂၀ ဦးအား ကယ်ဆယ်နိုင်ခဲ့ကာ ၎င်းတို့အား နေရာချထားပေးရန် အိုမန်နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းတော်ဝင်ရေတပ်က ပြောကြားခဲ့သည်။
တိုက်ခိုက်ခံရသော သင်္ဘောမှာ Precious Shipping PCL က ပိုင်ဆိုင်သော Mayuree Naree ဖြစ်ပြီး ယူအေအီးနိုင်ငံ ခါလီဖာမြို့ ဆိပ်ကမ်းမှ မတ် ၁၁ ရက် နံနက်အ‌စောပိုင်းက ထွက်ခွာလာခဲ့ရာ ဟောမုဇ်ရေလက်ကြား၌ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ယင်းဖြစ်ရပ် ဖြစ်ပွားပြီးနောက် ထိုင်းတော်ဝင်ရေတပ်က ကယ်ဆယ်ရေးလုပ်ငန်းတွင် ချက်ချင်းပါဝင်လုပ်ဆောင်ခဲ့သည်။ အိုမန်တော်ဝင်ရေတပ်က ထိုင်းသင်္ဘောသား ၂၀ ဦးအား ကယ်ဆယ်ခဲ့ကာ အိုမန်နိုင်ငံ ခါဆပ်မြို့သို့ လွှဲပြောင်း ပို့ဆောင်ခဲ့သည်။ ကျန်ရှိသော သင်္ဘေသား သုံးဦးကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။ တိုက်ခိုက်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ထိုင်းနိုင်ငံ ရေတပ်က ဖြည့်စွက်ဖော်ပြခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Thai cargo ship attacked in Strait of Hormuz, 20 crew rescued
BANGKOK, March 11 (Xinhua) — A Thai cargo ship came under attack on Wednesday while sailing in the Strait of Hormuz, said the Royal Thai Navy. So far, 20 crew members have been rescued and taken to Oman for settlement.
The vessel involved is the Mayuree Naree, owned by Precious Shipping PCL, which departed from a port in Khalifa, the United Arab Emirates, in the early hours of Wednesday and was attacked around 11 a.m. local time in the Strait of Hormuz.
Following the incident, the Royal Thai Navy immediately coordinated rescue efforts. The Royal Navy of Oman has rescued 20 Thai crew members and transported them to Khasab, Oman. Authorities are continuing to search for the remaining three crew members. The Thai Navy added that the exact cause of the attack is under investigation.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.