Media
အီရန်က ဟော်မုဇ်ရေလက်ကြားတွင် စတင် မိုင်းထောင်နေပြီဟု အမေရိကန် ပြောကြား
ဝါရှင်တန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ဟော်မုဇ်ရေလက်ကြားတွင် အီရန်က စတင်၍ ရေမြှုပ်မိုင်းထောင်နေပြီဟု အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း The New York Times သတင်းစာ၏ မတ် ၁၂ ရက် သတင်းများအရ သိရသည်။ ထိုသို့မိုင်းထောင်ထားပြီးဖြစ်သည်ဟု ပြောကြားချက်ကိုမူ အီရန်ဘက်က ငြင်းဆိုထားသည်။
အမေရိကန်စစ်တပ်က အီရန်၏ အရွယ်အစား အတော်အတန်ကြီးမားသည့် ရေတပ်သင်္ဘောများကို ဖျက်ဆီးပြီးဖြစ်သည်ဟု ဆိုသော်ငြားလည်း အီရန်ဘက်က မတ် ၁၂ ရက်မှစ၍ အတန်အသင့်သေးငယ်သည့် ရေယာဉ်သင်္ဘောများဖြင့် မိုင်းထောင်နေကြောင်း အခြေအနေများအား သိရှိသူ အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
အမေရိကန် စစ်တပ်သည် အီရန် စစ်သင်္ဘော အစင်း ၉၀ ကျော်ကို ဖျက်ဆီးပြီးဖြစ်ရာ ၎င်းတို့အနက် မိုင်းထောင်ရေယာဉ်သင်္ဘော အစင်း ၃၀ ကျော် ပါဝင်ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
အီရန် IRNA သတင်းဌာန၏ မတ် ၁၂ ရက် သတင်းများအရ အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Majid Takht-Ravanchi သည် ယင်းနေ့တွင် မီဒီယာများ၏တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားခဲ့ရာ အီရန်အနေဖြင့် နိုင်ငံအချို့၏ ရေယာဉ်သင်္ဘောများအား ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားခွင့်ပြုထားပြီး ရေလက်ကြားရေပြင်တွင် မိုင်းထောင်ထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
အီရန်ထိပ်တန်းခေါင်းဆောင်သစ် မို့ချ်တာဘာ ခါမေနီ က မတ် ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ အီရန်အနေဖြင့် လက်တုံ့ပြန် လက်စားချေမှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း၊ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့သည့် ယင်းနည်းလမ်းအား ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
The New York Times ၏ စာရင်းကောက်ယူမှုများအရ အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး စစ်ရေးလှုပ်ရှားမှု စတင်ပြုလုပ်ချိန်မှစ၍ ရေနံသင်္ဘော၊ ကုန်တင်သင်္ဘောနှင့် အခြား ကုန်သွယ်ရေးသင်္ဘော အနည်းဆုံး ၁၆ စင်း ပါရှန်းပင်လယ်ကွေ့တွင် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
美方称伊朗开始在霍尔木兹海峡布雷 伊方否认
新华社华盛顿3月12日电 据美国《纽约时报》12日报道,美国官员称伊朗已开始在霍尔木兹海峡布设水雷。伊朗方面否认已布雷。
报道援引一名知情美国官员的话说,虽然美军称已摧毁较大型的伊朗海军舰艇,但伊朗从12日起使用较小的船只布雷。
美军中央司令部12日称,美军打击已造成伊朗90多艘军舰损毁,其中包括30多艘布雷舰船。
另据伊朗伊斯兰共和国通讯社12日报道,伊朗副外长拉万奇当天在接受媒体采访时表示,伊朗允许部分国家的船只通过霍尔木兹海峡,并未在海峡水域布雷。
伊朗新任最高领袖穆杰塔巴·哈梅内伊12日发表声明说,伊朗不会放弃复仇,将继续使用封锁霍尔木兹海峡这一手段。
据《纽约时报》统计,自美国和以色列对伊朗发动军事行动以来,至少有16艘油轮、货轮及其他商船在波斯湾遭袭击。(完)
