Media
အာရုံကြောစနစ်ဖြင့် ထိန်းချုပ်နိုင်သော လက်တုအား တရုတ်ကုမ္ပဏီ တီထွင်ဖန်တီး
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
မည်သည့်လက်က အစစ်အမှန်ဆိုသည်ကို သင်ပြောနိုင်ပါသလော။ တရုတ်နည်းပညာကုမ္ပဏီ BrainCo သည် လူ့အရေပြားနှင့် ဆင်တူသော ဇီဝဗေဒဆိုင်ရာအရေပြားဖြင့် ဖုံးအုပ်ထားသည့် အာရုံကြောစနစ်ဖြင့် ထိန်းချုပ်နိုင်သော မျိုးဆက်သစ် ကိုယ်အင်္ဂါအစိတ်အပိုင်းအတုတစ်ခုကို တီထွင်ဖန်တီးလျက်ရှိသည်။ အချိန်ကြာကြာသုံးစွဲနိုင်ပြီး အလွယ်တကူ ကွေးနိုင် ဆန့်နိုင်ရန်နှင့် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဒီဇိုင်းထုတ်ထားသော အဆိုပါကိရိယာကို တီထွင်ဖန်တီးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Chinese firm develops neuro-controlled hand
Can you tell which hand is real? Chinese tech firm BrainCo is developing a next-generation neuro-controlled prosthetic wrapped in lifelike bionic skin. Still under development, the device is designed to be durable, flexible and responsive.
