Media
ယူနန်ပြည်နယ် ရွှေလီမြို့က သင်္ကြန်ပွဲတော် တူစုံနွှဲပျော်
ရွှေလီ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ရွှေလီ သင်္ကြန်ပွဲတော် တူယှဉ်နွှဲပျော်အစီအစဉ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ရေကစားရင်ပြင်တွင် ဧပြီ ၁၁ ရက်က ကျင်းပခဲ့သည်။
အခမ်းအနားအစီအစဉ်တွင် ဆိုင်းသံဗုံသံ၊ ရေမှုန်၊ ရေမွှား၊ ရေပန်းများနှင့်အတူ တိုင်းရင်းသားအသီးသီးက ပြည်တွင်းပြည်ပ ဧည့်သည်တော် မိတ်ဆွေများနှင့်အတူ ပျော်ရွှင်ကြည်နူးစွာ အတူစုံညီ၍ဆင်နွှဲကြသည်။
ပျော်ရွှင်သော ရယ်သံမောသံများကြားတွင် မင်္ဂလာရေချမ်းကို ပျော်ရွှင်စွာ အပြန်အလှန်ရေပက်ကစားခဲ့ကြရာ သီးထွက်နှုန်းတိုးစေရန်၊ အေးချမ်းသာယာသည့်သုခနှင့်ပြည့်စုံစေရန် ဆုမွန်ကောင်းတောင်းခဲ့ကြသည်။ ယခုနှစ် သင်္ကြန်ပွဲတော်အစီအစဉ်များကို သုံးရက်ကြာ ကျင်းပမည် ဖြစ်ပြီး ပန်းဆွတ်ခူးခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုဖျော်ဖြေပြသခြင်း၊ ပျော်ရွှင်စွာရေပက်ကစားခြင်း၊ တရုတ်-မြန်မာ နိုင်ငံတကာဂီတပွဲတော် စသည့် အထူးအစီအစဉ် ဆယ်မျိုးကျော် ပါဝင်မည် ဖြစ်သည်။
ပွဲတော်ကာလတွင် အခမ်းအနားအစီအစဉ်များကို နေရာများစွာ၌ ကျင်းပကာ တိုင်းရင်းသားရိုးရာဓလေ့များကို ကဏ္ဍစုံလင်စွာ ပြသသွားမည်ဖြစ်သည်။ (Xinhua)
———————–
(Chinese Version)
云南瑞丽举行泼水狂欢 4月11日,瑞丽2026泼水狂欢活动在云南省瑞丽市泼水广场举行。活动现场鼓声阵阵、水花飞舞,各族群众与中外宾朋齐聚一堂,在欢声笑语中互泼象征吉祥、欢乐的“祝福水”,共祈五谷丰登、平安幸福。今年的泼水节系列活动为期三天,包含采花、非遗展演、泼水狂欢、中缅国际音乐节等十余项特色内容。节日期间还设多个分会场,展现多元民族风情。作者:孙敏、徐俊 画面来源:瑞丽市融媒体中心 新华社音视频部制作
