Media
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်
နေပြည်တော်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (ဧပြီ ၃ ရက်) ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ၌ ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် ဒုတိယသမ္မတ သုံးဦးထဲမှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရန် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင် ကိုယ်စားလှယ်များက ဆန္ဒမဲပေးခဲ့ကြရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ခံမဲ ( ၄၂၉) ဖြင့် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရကြောင်း သိရသည်။
ထို့နောက် ဦးညိုစောက ထောက်ခံမဲ (၁၂၆ ) ဖြင့် ဒုတိယသမ္မတ (၁) အဖြစ်လည်းကောင်း၊ ဒေါ်နန်းနီနီအေးက ထောက်ခံမဲ ( ၂၉) ဖြင့် ဒုတိယ သမ္မတ (၂) အဖြစ်လည်းကောင်း အသီးသီး ရွေးချယ်တင်မြှောက်ခြင်းခံရကြောင်း သိရသည်။
ရွေးကောက်ခံ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်နန်းနီနီအေးတို့အား ဒုတိယသမ္မတများအဖြစ် မတ် ၃၁ ရက်က အသီးသီး ရွေးချယ်ခဲ့ကြပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ဦးညိုစောအား ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် အဆိုပါ ဒုတိယသမ္မတ သုံးဦးထဲမှ နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။ (Xinhua)
