Media
မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေး
နေပြည်တော်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းအကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသူ/သား ၆,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ယနေ့(ဇန်နဝါရီ ၄ ရက်) နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် အကျဉ်းသား ၆,၁၃၄ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၅၂ ဦးအား လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး လွတ်ငြိမ်းခွင့်ရသူများထဲမှ မည်သူမဆို ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ အများပြည်သူ၏ စိတ်နှလုံးအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း လွတ်ငြိမ်းချမ်းသာမှု ခွင့်ပြုခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းသက်သာခွင့်အမိန့်တွင် လူသတ်မှု၊ မုဒိမ်းမှု၊ လက်နက်ကိုင်ပြစ်မှုများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု အပါအဝင် ရာဇဝတ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများမှအပ အကျဉ်းသားအချို့၏ ပြစ်ဒဏ်များကို ခြောက်ပုံတစ်ပုံ လျှော့ချပေးခဲ့ကြောင်း သိရသည်။ (Xinhua)
